လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပမှုသတင်း

ဇူလိုင် ၂၃၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး ထိန်းသိမ်းမြေ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ အရာထမ်း၊ အမှုထမ်းများနှင့်အတူ ရတနာတန်းဝင်အပင်များဖြစ်သည့် ကျွန်းနှင့်ပျဉ်းကတိုးပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးကြပါသည်။
ယင်းနောက် ရတနာတန်းဝင် ကျွန်းပင်တို့ကိုပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက သတ်မှတ်နေရာများတွင် အသီးသီးစိုက်ပျိုးခဲ့ကြပြီး အရာထမ်း/အမှုထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။
ယခုနှစ်မိုးရာသီတွင် ကျွန်း (၁၈၀) ပင်နှင့် ပျဉ်းကတိုး(၁၀၀)ပင် စုစုပေါင်း(၂၈၀)ပင် တို့ကိုစိုက်ပျိုးခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၈ နှစ်အတွင်း စိုက်ပျိုးခဲ့သည့် (ကျွန်း၊ ပျဉ်းကတိုး၊ စိန်ပန်းကြီး၊ ခရေ၊ ပိတောက်၊ မဟောဂနီ) အပင်များမှ ၂၀၁၆ခုနှစ်တွင် စိုက်ပျိုးပင် အရေအတွက် ၂၀၀ တွင် ရှင်သန်ဖြစ်ထွန်းမှု ၁၀၂ ပင်၊ ၂၀၁၇ ခုနှစ်တွင် စိုက်ပျိုးပင် အရေအတွက် ၂၈၀ တွင် ရှင်သန်ဖြစ်ထွန်းမှု ၁၆၉ ပင်နှင့် ၂၀၁၈ ခုနှစ်တွင် စိုက်ပျိုးပင် အရေအတွက် ၂၈၀ တွင် ရှင်သန်ဖြစ်ထွန်းမှု ၁၈၇ ပင်ဖြစ်ကြောင်းသိရပါသည်။ စိုက်ပျိုး ထားသည့်အပင်များယခင်နှစ်များကထက် ပိုမိုရှင်သန်ရေးကို ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: MSWRR

#hl1
#npw_jul2019

Sign Up

Upcoming Events