Category Archives: News
-
သိုလှောင်ရုံရှိ ကယ်ဆယ်ရေးပစ္စည်း လက်ကျန်စာရင်းများအား စစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး၊ သိုလှောင်ရုံရှိ ကယ်ဆယ်ရေးပစ္စည်းများ၏ မြေပြင်လက်ကျန်စာရင်းများအား ကောက်ယူ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_jul2019 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပခြင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉)ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ တာပွန်မြို့ ဗောဓိ မာရ်အောင် ငါးထပ်ဘုရားကြီး ဓမ္မာရုံတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုများကို ကျင်းပဆောင်ရွက်ခဲ့ရာ ဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများ (၈၀)ဦးခန့်တက်ရောက်ခဲ့၍ ထိုတက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_jul2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး
-
ကမ်းပြိုမှုကြောင့် နေအိမ်ဖျက်သိမ်း ပြောင်းရွှေ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ကမ်းပါးပြိုကျနေမှုများအား(၂၈-၇-၂၀၁၉)ရက်နေ့တွင် မြို့နယ်အုပ်ရေးမှူးနှင့်အတူကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး (၂၂-၇-၂၀၁၉)နေ့နှင့်(၂၆-၇-၂၀၁၉)ရက်နေ့များတွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းအိမ်ထောင်စု(၄)စု လူဦးရေ(၂၆)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ(၄၅၄၆၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄)အိမ်ထောင်စာအား (၂၈-၇-၂၀၁၉)နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_jul2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး
-
မြစ်ရေမြင့်တက်လာမှုကြောင့် ပြောင်းရွှေ႕ရသော အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၅.၇.၂၀၁၉) ရက်နေ့တွင် ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့မှ ရေဘေးရှောင်အိမ်ထောင်စု(၁၈)စု၊ လူဦးရေ(၈၃)တို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ ဆန်ဖိုးငွေ (၁၇၄၃၀ဝိ)၂၆.၇.၂၀၁ရက်နေ့၉ (၁၆း၀၀)နာရီ ရေဘေးသင့်ပြည်သူထံလက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_jul2019 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီး မင်းဘူး၊ စလင်းမြို့နယ်များရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်ထောက်ပံံ့ကူညီခြင်း
ဇူလိုင်၊၂၈၊မကွေးမြို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဘေးလွတ်ကင်းရာသို့ ပြောင်းရွေ့ခဲ့ရသည့်ပြည်သူများကို ဖောင်းလင်းကျေးရွာရှိ ရှင်ပင်ရွှေစော လူးဓမ္မာရုံတွင် တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဧရာဝတီမြစ်ရေမြင့်တက်ခြင်းကြောင့် နှစ်စဉ်ကြုံတွေ့ရသော ဤဒေသသို့ မိမိတို့ အနေဖြင့် နှစ်စဉ်လာရောက်ကြည့်ရှုထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ မြစ်ရေကြီးခြင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်း များဖြစ်သော မြစ်ကြောင်းပြုပြင်ရေးလုပ်ငန်းများ၊ ရေထွက်မြောင်းတူးဖော်ရေးလုပ်ငန်းများ၊ ဧရာဝတီမြစ်ကြောင်း မတိမ်ကောရေးလုပ်ငန်းများကို စီမံကိန်းများရေးဆွဲပြီး အကောင်အထည်ဖော်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော်လည်း ဆောင်ရွက်နိုင်မှုပမာဏမ လုံလောက်သေးပါကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်ပြီး အရေးအပေါ် အကြောင်းကိစ္စများရှိပါက မိမိတို့ဝန်ကြီးဌာန၏ … Read more
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးတို့မှ သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ ကျောက်ထပ်ကျေးရွာနေပြည်သူအိမ်ထောင်စု(၂၁၀)အတွက် သောက်သုံးရေဂါလံ(၂၈၀၀)ကိုလည်းကောင်း၊ ထန်းတိုကျေးရွာအုပ်စု၊ မြစ်လှချောင်ကျေးရွာကျေးရွာနေပြည်သူအိမ်ထောင်စု (၁၀၉)အတွက် သောက်သုံးရေဂါလံ(၂၈၀၀)ကိုလည်းကောင်း စုစုပေါင်းသောက်သုံးရေဂါလံ(၅၆၀၀)ကိုEleven Media Group ရေအလှူယာဉ်ဖြင့် ဆရာတော် ဦးသောဘဏ၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူကျေးရွာများသို့သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha¬_fld # mgy _ jul 2019
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးတို့မှ သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ် ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော ရေစကြိုမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာနှင့် ချင်းယားကုန်းကျေးရွာနေပြည်သူအိမ်ထောင်စု (၃၃၇)အတွက် သောက်သုံးရေ ဂါလံ(၂၈၀၀)ကို လည်းကောင်း၊သပြေပင်ကျေးရွာအုပ်စု၊သိမ်ကုန်းကျေးရွာကျေးရွာနေပြည်သူအိမ်ထောင်စု(၁၃၀)အတွက် သောက်သုံးရေဂါလံ(၂၈၀၀)ကိုလည်းကောင်း၊ စုစုပေါင်းသောက်သုံးရေဂါလံ(၅၆၀၀)ကိုEleven Media Group ရေအလှူယာဉ်ဖြင့် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်း(ရေစကြို)မှအတွင်းရေးမှူး၊ အောက်ဆီဂျင်လူမှုကူညီရေးအသင်းဥက္ကဌ၊ ယ.က.ကစာရင်းစစ်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကျေးရွာများအရောက်သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha¬_fld # mgy … Read more
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သင်တောကြီးကျေးရွာအုပ်စု၊ စပါးထားရိုးကျေးရွာ၊ အင်းရဲကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာနှင့် ကျောင်းကုန်းမြို့နယ်၊ ရောင်ပြစ်ကွင်း ကျေးရွာတို့တွင် (၂၄-၇-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၃)လုံး၊ စုစုပေါင်း နေအိမ်(၅)လုံး၊ အိမ်ထောင်စု (၅စုမှ လူဦးရေ(၂၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)ပုံး ကျပ်(၆၄၇၀၆/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၄၄၁၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၁၀၀၀၀/-)၊ စုစုပေါင်း ရန်ပုံငွေ (၄၅၄၁၀၀/-)အား (၂၆-၇-၂၁၀၉)ရက်နေ့ … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကသက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိ
၂၀၁၉ခုနှစ်၊ဇူလိုင်လအတွင်း၌တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ (၂၆-၇-၂၀၁၉)နေ့အခြေအနေအရ- စစ်ကိုင်းတိုင်းဒေသကြီးကသာ၊ထီးချိုင့်၊ကန့်ဘလူ၊ ခင်ဉီး၊ စစ်ကိုင်း၊ ကျောက်မြောင်းမြို့နယ်များ၌အိမ်ထောင်စု(၃၁၀၀)ခန့်၊လူဦးရေ(၁၃၀၀၀)ကျော်၊ မန္တလေးတိုင်းဒေသကြီး၌သပိတ်ကျင်း၊စဉ့်ကူး၊ စဉ့်ကိုင်၊ တံတားဉီး၊တောင်သာ၊ မြင်းခြံမြို့နယ်များတွင်အိမ်ထောင်စု(၅၅၀၀)ကျော်၊လူဦးရေ(၂၃၀၀၀)ကျော်၊ မကွေးတိုင်းဒေသကြီး၌ချောက်၊ ရေနံချောင်း၊ မကွေး၊ ကံမ၊ မင်းဘူး၊ စလင်းမြို့နယ်တို့၌အိမ်ထောင်စု(၆၇၀)ကျော်၊လူဦးရေ(၂၅၀၀)ကျော်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ အိမ်ထောင်စု(၁၈)စု၊လူဦးရေ(၈၃)ဦးတို့ယာယီရေဘေးရှောင်နေရာများ၌ပြောင်းရွှေ့နေထိုင်လျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုဖြင့်တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်းကာကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်ရိက္ခာဖိုး၊အိမ်ဆောက်ပစ္စည်းဖိုးငွေများအပါအဝင် စုစုပေါင်းကျပ်(၂၀၉၃)သိန်းကျော်ထောက်ပံ့ပြီးဖြစ်ကြောင်းနှင့်ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။ ပြည်သူများအနေဖြင့်လည်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတင်းထုတ်ပြန်ချက်များ၊ပညာရှင်များ၏သုံးသပ်အကြံပြုချက်များကိုအလေးထားဂရုပြုလိုက်နာရန်နှင့်အကူအညီလိုအပ်ပါကဒေသအလိုက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများသို့ဖြစ်စေ၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်) Hot Line နံပါတ်များဖြစ်သော၀၆၇-၃၄၀၄၆၆၆၊၀၆၇-၃၄၀၄၇၇၇သို့ဖြစ်စေအကူအညီတောင်းခံနိုင်ကြောင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှနှိုးဆော်ထားပါသည်။
-
ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ်(၃)ရပ်ကွက်တွင်(၂၄-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့ရသည့် နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်းလူဦးရေ (၂၆)ဦးအတွက်(၇)ရက်စာရန်ပုံငွေ(၅၆,၄၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၅၄,၆၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)အိမ်ထောင်စာ (၃၂,၃၅၃)ကျပ် အား (၂၆-၇-၂၀၁၉)ရက်နေ့ (၁၂၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။









