ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

28 _ Pic _02 28_ Pic _01

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သင်တောကြီးကျေးရွာအုပ်စု၊ စပါးထားရိုးကျေးရွာ၊ အင်းရဲကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာနှင့် ကျောင်းကုန်းမြို့နယ်၊ ရောင်ပြစ်ကွင်း ကျေးရွာတို့တွင် (၂၄-၇-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၃)လုံး၊ စုစုပေါင်း နေအိမ်(၅)လုံး၊ အိမ်ထောင်စု (၅စုမှ လူဦးရေ(၂၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)ပုံး ကျပ်(၆၄၇၀၆/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၄၄၁၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၁၀၀၀၀/-)၊ စုစုပေါင်း ရန်ပုံငွေ (၄၅၄၁၀၀/-)အား (၂၆-၇-၂၁၀၉)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူလေ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

# ha¬_sgw

# ayy _ jul 2019

Sign Up

Upcoming Events