လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ် ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော ရေစကြိုမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာနှင့် ချင်းယားကုန်းကျေးရွာနေပြည်သူအိမ်ထောင်စု (၃၃၇)အတွက် သောက်သုံးရေ ဂါလံ(၂၈၀၀)ကို လည်းကောင်း၊သပြေပင်ကျေးရွာအုပ်စု၊သိမ်ကုန်းကျေးရွာကျေးရွာနေပြည်သူအိမ်ထောင်စု(၁၃၀)အတွက် သောက်သုံးရေဂါလံ(၂၈၀၀)ကိုလည်းကောင်း၊ စုစုပေါင်းသောက်သုံးရေဂါလံ(၅၆၀၀)ကိုEleven Media Group ရေအလှူယာဉ်ဖြင့် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်း(ရေစကြို)မှအတွင်းရေးမှူး၊ အောက်ဆီဂျင်လူမှုကူညီရေးအသင်းဥက္ကဌ၊ ယ.က.ကစာရင်းစစ်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကျေးရွာများအရောက်သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
# ha¬_fld
# mgy _ jul 2019