ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီး မင်းဘူး၊ စလင်းမြို့နယ်များရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်ထောက်ပံံ့ကူညီခြင်း

29 _ Pic _ 01 29 _ Pic _ 02ဇူလိုင်၊၂၈၊မကွေးမြို့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဘေးလွတ်ကင်းရာသို့ ပြောင်းရွေ့ခဲ့ရသည့်ပြည်သူများကို ဖောင်းလင်းကျေးရွာရှိ ရှင်ပင်ရွှေစော လူးဓမ္မာရုံတွင် တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ဧရာဝတီမြစ်ရေမြင့်တက်ခြင်းကြောင့် နှစ်စဉ်ကြုံတွေ့ရသော ဤဒေသသို့ မိမိတို့ အနေဖြင့် နှစ်စဉ်လာရောက်ကြည့်ရှုထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ မြစ်ရေကြီးခြင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်း များဖြစ်သော မြစ်ကြောင်းပြုပြင်ရေးလုပ်ငန်းများ၊ ရေထွက်မြောင်းတူးဖော်ရေးလုပ်ငန်းများ၊ ဧရာဝတီမြစ်ကြောင်း မတိမ်ကောရေးလုပ်ငန်းများကို စီမံကိန်းများရေးဆွဲပြီး အကောင်အထည်ဖော်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော်လည်း ဆောင်ရွက်နိုင်မှုပမာဏမ လုံလောက်သေးပါကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်ပြီး အရေးအပေါ် အကြောင်းကိစ္စများရှိပါက မိမိတို့ဝန်ကြီးဌာန၏ အရေးပေါ်ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို တိုက်ရိုက်ချိတ်ဆက် အကူအညီတောင်းခံနိုင်ပါကြောင်း၊ မိုဘိုင်းဖုန်းများတွင် DAN အပလီကေးရှင်းကို ထည့်သွင်းထားပြီး နေ့စဉ် မိုးလေ ဝသအခြအနေများနှင့် ထူးခြားဖြစ်စဉ်များကို ကြည့်ရှု့လေ့လာခြင်း၊ ကိုယ်တိုင်သတင်းပေးပို့ခြင်းများကို ဆောင်ရွက် နိုင်ပါကြောင်း၊ ယခုလို မြစ်ရေမြင့်တက်မှုကြောင့် ခေတ္တလာရောက်နေထိုင်ကြသည့် ကာလတွင်ကူးစက် ရောဂါများ မဖြစ်ပွားစေရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးကို စနစ်တကျဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ လတ်တလော လိုအပ်လျက်ရှိသော စားနပ်ရိက္ခာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ကျေးရွာအုပ်စု (၇) စုမှ အိမ်ခြေ (၄၇၁) လုံးအတွက်ထောက်ပံ့ငွေစုစုပေါင်း (၂၉၀၆၄၀၀) ကျပ်၊ ရှင်ပင်ရွှေစောလူးစေတီတော်မြတ် ကုန်းတော် မြေထိန်းနံရံပြုလုပ်ရန်အတွက် အလှူတော်ငွေကျပ် (၆၄) သိန်းတို့ကို ပေးလှူရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်ဝန်ကြီးနှင့်အဖွဲ့သည် ကလေးသူငယ်များအား အာဟာရမုန့်များနှင့် ကစားစရာ အရုပ်များကိုပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆင်ဖြူကျွန်းမြို့တွင် တည်ဆောက်လျက်ရှိသော ရွှေကျွန်း ဆည်းဆာ ဂိလာနအဘိုးအဘွားစောင့်ရှောက်ရေးဂေဟာဆောက်လုပ်ရာနေရာသို့ ရောက်ရှိကြရာ ဂေဟာစတင် တည်ထောင်သူဒေါက်တာကျော်ထက်အောင်နှင့် တာဝန်ရှိသူများက ဂေဟာဖြစ်ပေါ်လာပုံနှင့် ဂေဟာဆောက်လုပ်ဆဲ အခြေအနေများကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က လိုအပ်ချက်များကိုညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဂေဟာအတွက် ရန်ပုံငွေကျပ် (၁၀) သိန်းပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့အောက်ကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ထုံးမကြီးကျေးရွာမှ ရေဘေးအန္တရာယ်ကြောင့် ခေတ္တခိုလှုံနေသော ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြား ရာတွင် အစိုးရ၏ထောက်ပံ့မှုများကို ပြည်သူများ သာတူညီမျှအပြည့်အ၀ ခံစားရရှိရန် စာရင်းဇယားအမှန်ရရှိရေးသည် အရေးကြီးကြောင်း၊ စာရင်းမှန်ရရှိရေး ပြည်သူများ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားပြီး လတ်တလော စားသုံးရန် ရိက္ခာဖိုးငွေ (၂၁၄၂၀၀) ကျပ်၊ ကလေးငယ်များအတွက် စားစရာ အာဟာရမုန့်များနှင့် ကစားစရာ အရုပ်များကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပါသည်။ ခရီးစဉ်အတွင်း ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကြောင်း သတင်းရရှိပါသည်။

Source: MSWRR

#hl1
#mgy_jul2019

Sign Up

Upcoming Events