Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် အာရှ- ပစိဖိတ်လူ့အခွင့်အရေးကော်မရှင်အဖွဲ့တို့က လာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များနှင့် အာရှ-ပစိဖိတ်လူ့အခွင့်အရေးကော်မရှင်မှ ကျွမ်းကျင်သူ Ms. Mohottalatage Thanuja Dayadari Navartne နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံသားများလူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ ခိုင်မာစေရေးအတွက် ဝန်ကြီးဌာနက ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုစသည့် ဦးတည်အုပ်စုများအလိုက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ကာကွယ်စောင့်ရှောက်မှုများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ဝန်ကြီးဌာနနှင့် အဓိကသက်ဆိုင်သော လူ့အခွင့်အရေးဆိုင်ရာစာချုပ်များဖြစ်သည့် … Read more
-
ကျောက်တော်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည့် ဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ ကျားနင်းကန်ကျေးရွာ အုပ်စု၊ လိပ်မကျေးရွာ၌ (၃၀-၇-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လက်နက်ကျည်ထိမှန်မှုကြောင့် ယာတင်ပါး ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ကျောက်တော်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည့် ဘေးသင့် ပြည်သူ (၁) ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်ကို ဘေးသင့်ပြည်သူထံသို့ (၃၁-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_aug2019 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးဦကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာ၌ (၃၀-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတို့အား (၃၁-၇-၂၀၁၉) ရက်နေ့ (၁၂း၃၀) နာရီအချိန်တွင် တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
ယင်းမာပင်ခရိုင်ဦးစီမှုးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၉)ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမ၌ ကနီမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ တက်ရောက်သူအင်အား(၉၅)ဦးကို သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ပြီးDAN application အားရှင်းလင်းပြောကြားခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ # ar # sgg_ aug 2019 Source: ယင်းမာပင်ခရိုင်ဦးစီမှုးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၊ လက်ကောက် ဈေးဘုန်းတော်ကြီးကျောင်း၌ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၅၀) စုမှ လူဦးရေ (၁၅၅) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၁,၃၉၅,၀၀၀/-)ကျပ်အားလည်းကောင်း၊ အောင်တပ်ရပ်ကွက်၊ မြို့သစ်ဘုန်းတော်ကြီး ကျောင်း၌ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၇၃) စုမှ လူဦးရေ (၇၁၂) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၆,၄၀၈,၀၀၀/-) ကျပ်အားလည်းကောင်း၊ မင်းပြားမြို့နယ်၊ နဂရာကျေးရွာအုပ်စု၊ ကျွန်းတောရွှေဖောင်တောဘုန်းတော်ကြီးကျောင်း၌ … Read more
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ထပ်တိုးတိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၉)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာရှိ ထပ်တိုးတိုက်ပွဲရှောင် အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၀)ဦးအတွက် ဆန်ရိက္ခာ(၁)လစာဖိုးထောက်ပံ့ငွေ (၁၈၀၀၀၀/-)အား (၃၁-၇-၂၀၁၉)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # otr # rke_aug 2019
-
ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ သင်္ဘောနစ်မြှပ်မှုကြောင်း သေဆုံးသူ(၁)ဦးအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉) ရက်နေ့၊နံနက်(၁၂:၃၀) နာရီချိန်တွင် လပွတ္တာခရိုင်၊ ပြင်စလူမြို့၊ ပြန်မလော့မြစ်မှရေမိုင်၇မိုင်အကွာတွင် ရန်ကုန်မြို့မှသံတွဲမြို့သို့ ဘိလပ်မြေအိတ် (၂၅၀၀၀) အိတ်ကျော်တင်ဆောင်မောင်းနှင်လာသည့်သဘောၤသား(၁၉)ဦးပါ MV ထာဝရအားမာန် ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောသည် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခက်၍ သဘောၤနစ်မြှပ်မှုဖြစ်ပွားခဲ့ပါသဖြင့် သေဆုံးသူ( ၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)ကျပ်အား(၃၁-၇-၂၀၁၉)ရက်နေ့၊ နေ့လည်(၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်တွင် သေဆုံးသူ၏မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည့်ကြောင်း သတင်းရရှိပါသည်။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # otr # ayy_aug 2019
-
ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက်တွင် (၃၀-၇-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)နှင့် ထိခိုက်ဒဏ်ရာရသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-)၊ ဘေးသင့်လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာထောက်ပံ့ငွေ (၂၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၅၂၁၀၀/-)တို့အား (၃၁-၇-၂၀၁၉) ရက်နေ့ ကံ့ကော်ရပ်ကွက်တွင် မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၉)ရက်နေ့ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ တောင်ပြိုကျေးရွာမီးဘေးမှ မီးဘေးသင့်အိမ်ခြေ (၁)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅) မျိုး (၁)အိမ်ထောင်စာ၊အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)၊ လူ(၄)ဦးတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာအတွက်ထောက်ပံ့ငွေ(၈၄၀၀/-)၊ အမိုးပျက်စီးအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀/-)နှင့် လူ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာအတွက်ထောက်ပံ့ငွေ (၁၀၅၀၀/-)စုစုပေါင်းရန်ပုံငွေ (၁၆၈၉၀၀/-)အား (၃၁-၇-၂၀၁၉)ရက်နေ့ (၁၀း၃၀) အချိန်တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha¬_fir # tny_aug 2019
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးညိုမြို့နယ် လက်ပံခုံကျေးရွာအုပ်စု၊ဘူးခုံကျေးရွာတွင်(၂၆.၇.၂၀၁၉)ရက်နေ့နှင့်(၂၇.၇.၂၀၁၉) ရက်နေ့တို့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်(၃)သုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)ကျပ်၊ (၂၆.၇.၂၀၁၉)ရက်နေ့ အင်းတော်တလုပ်ကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာတွင် သစ်ပင်ပိ၍ နေအိမ်ပြိုကျမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝိ/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက်ဆန်ရိက္ခာဖိုး(၁၄,၇၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ(၁)ပုံး၊ (၂၆/၂၇/၂၈.၇.၂၀၁၉)ရက်နေ့တို့တွင် မိုးညိုမြို့နယ်အတွင်း မြစ်ရေမြင့်တက်မှုကြောင့်ကျေးရွာအုပ်စု(၄)စု၊ ကျေးရွာ(၇)ရွာ၊ အိမ်ခြေ(၇၇)လုံးမှ ရွှေ့ပြောင်းမိသားစုလူဦးရေ(၃၂၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၈၆,၇၀ဝိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁,၁၀၁,၄၀ဝိ/-) ကျပ်တိတိ အား အား (၃၁-၇-၂၀၁၉)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ … Read more









