ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ သင်္ဘောနစ်မြှပ်မှုကြောင်း သေဆုံးသူ(၁)ဦးအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်

(၂၉-၇-၂၀၁၉) ရက်နေ့၊နံနက်(၁၂:၃၀) နာရီချိန်တွင် လပွတ္တာခရိုင်၊ ပြင်စလူမြို့၊ ပြန်မလော့မြစ်မှရေမိုင်၇မိုင်အကွာတွင် ရန်ကုန်မြို့မှသံတွဲမြို့သို့ ဘိလပ်မြေအိတ် (၂၅၀၀၀) အိတ်ကျော်တင်ဆောင်မောင်းနှင်လာသည့်သဘောၤသား(၁၉)ဦးပါ MV ထာဝရအားမာန် ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောသည် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခက်၍ သဘောၤနစ်မြှပ်မှုဖြစ်ပွားခဲ့ပါသဖြင့် သေဆုံးသူ( ၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)ကျပ်အား(၃၁-၇-၂၀၁၉)ရက်နေ့၊ နေ့လည်(၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်တွင် သေဆုံးသူ၏မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည့်ကြောင်း သတင်းရရှိပါသည်။

Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

# otr

# ayy_aug 2019

Sign Up

Upcoming Events