တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

1 _ Pic_01 1 _ Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၊ လက်ကောက် ဈေးဘုန်းတော်ကြီးကျောင်း၌ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၅၀) စုမှ လူဦးရေ (၁၅၅) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၁,၃၉၅,၀၀၀/-)ကျပ်အားလည်းကောင်း၊ အောင်တပ်ရပ်ကွက်၊ မြို့သစ်ဘုန်းတော်ကြီး ကျောင်း၌ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၇၃) စုမှ လူဦးရေ (၇၁၂) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၆,၄၀၈,၀၀၀/-) ကျပ်အားလည်းကောင်း၊ မင်းပြားမြို့နယ်၊ နဂရာကျေးရွာအုပ်စု၊ ကျွန်းတောရွှေဖောင်တောဘုန်းတော်ကြီးကျောင်း၌ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၄) စုမှ လူဦးရေ (၁၃၁) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၁,၁၇၉,၀၀၀/-) ကျပ် အားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ (၈,၉၈၂,၀၀၀/-) ကျပ်အား (၃၁-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr

#rke_aug2019

Source:         မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events