ဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

 

 

31_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးညိုမြို့နယ် လက်ပံခုံကျေးရွာအုပ်စု၊ဘူးခုံကျေးရွာတွင်(၂၆.၇.၂၀၁၉)ရက်နေ့နှင့်(၂၇.၇.၂၀၁၉) ရက်နေ့တို့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်(၃)သုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)ကျပ်၊ (၂၆.၇.၂၀၁၉)ရက်နေ့ အင်းတော်တလုပ်ကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာတွင် သစ်ပင်ပိ၍ နေအိမ်ပြိုကျမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝိ/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက်ဆန်ရိက္ခာဖိုး(၁၄,၇၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ(၁)ပုံး၊ (၂၆/၂၇/၂၈.၇.၂၀၁၉)ရက်နေ့တို့တွင် မိုးညိုမြို့နယ်အတွင်း မြစ်ရေမြင့်တက်မှုကြောင့်ကျေးရွာအုပ်စု(၄)စု၊ ကျေးရွာ(၇)ရွာ၊ အိမ်ခြေ(၇၇)လုံးမှ ရွှေ့ပြောင်းမိသားစုလူဦးရေ(၃၂၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၈၆,၇၀ဝိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁,၁၀၁,၄၀ဝိ/-) ကျပ်တိတိ အား အား (၃၁-၇-၂၀၁၉)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူများလက်ဝယ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#bgo_jul2019

Source:                   မိုးညိုမြို့နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events