ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် အာရှ- ပစိဖိတ်လူ့အခွင့်အရေးကော်မရှင်အဖွဲ့တို့က လာရောက်တွေ့ဆုံ

1_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များနှင့် အာရှ-ပစိဖိတ်လူ့အခွင့်အရေးကော်မရှင်မှ ကျွမ်းကျင်သူ Ms. Mohottalatage Thanuja Dayadari Navartne နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံသားများလူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ ခိုင်မာစေရေးအတွက် ဝန်ကြီးဌာနက ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုစသည့် ဦးတည်အုပ်စုများအလိုက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ကာကွယ်စောင့်ရှောက်မှုများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ဝန်ကြီးဌာနနှင့် အဓိကသက်ဆိုင်သော လူ့အခွင့်အရေးဆိုင်ရာစာချုပ်များဖြစ်သည့် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ စာချုပ် (CRC)၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးစာချုပ် (CEDAW)၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာစာချုပ် (CRPD) တို့နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများအား ပြန်လည်ထူထောင်ခြင်း၊ လူကုန်ကူးခံရသူ များအားပြန်လည်လက်ခံရေး၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ တပ်မတော်မှနုတ်ထွက်ခွင့်ပေးလိုက်သော အရွယ်မရောက်သေးသူများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုများ တားဆီးကာကွယ် တုံ့ပြန်ရေး၊ ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ တားဆီးကာကွယ်ရေး ဆောင်ရွက် နေမှုများ၊  မသန်စွမ်းသူများအတွက် ဥပဒေဆိုင်ရာအကူအညီများ ပေးအပ်နိုင်ရေးနှင့် တရားစီရင်မှု လက်လှမ်းမီနိုင်ရေးအတွက် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) တွင် ဝန်ကြီးဌာနအနေဖြင့်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါ သည်။

#hl1

#npw_aug2019

ဇူလိုင် ၃၁၊ နေပြည်တော်

Sign Up

Upcoming Events