Category Archives: News
-
တာချီလိတ်မြို့နယ်ဦးစီမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည်(၂-၈-၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီမှ(၁၂း၀၀)ထိ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အဆိုပါ ဟောပြော ပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့်၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး၊ ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်သည့်အနေအထားများကို ဂိမ်းများကစားခြင်းဖြင့်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဖြင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၅၀)ဦးအား ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တာချီလိတ်မြို့နယ်ဦးစီမှူးရုံး (ဘစမ) # … Read more
-
ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံးမှ ငလျင်ဘေးအန္တရာယ် စားပွဲဝိုင်းဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၉) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ Novotel ဟိုတယ်၌ ရန်ကုန်တိုင်းဒေသကြီးအဆင့် ငလျင်ဘေးအန္တရာယ် စားပွဲဝိုင်းဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီးသဘာဝဘေးကော်မတီအဖွဲ့ဝင်များ၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊လူမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါကြောင်းနှင့် စားပွဲဝိုင်းဇာတ်တိုက်လေ့ကျင့်ခန်းတွင် လုပ်ငန်းကော်မတီအလိုက် အုပ်စုခွဲ၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အဖွဲ့အလိုက် ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ) # ar_eqk # ygn_ aug 2019
-
ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံးမှ ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်တုံ့ပြန်ရေးစီမံချက်စာအုပ်မိတ်ဆက်ခြင်းအခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၉)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ Novotel ဟိုတယ်၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်စာအုပ်မိတ်ဆက်ခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီးသဘာဝဘေးကော်မတီအဖွဲ့ဝင်များ ၊ ဥရောပသမဂ္ဂ ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ ၊ လူမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ အခမ်းအနားတွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ မှ တိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌထံသို့ လုက်ငန်းကော်မတီ (၁၂) ခုအတွက် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်စာအုပ်များကို … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ကံလှကျေးရွာ၌ (၁-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၁) စုစာတို့ကို (၂-၈-၂၀၁၉) … Read more
-
ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စု၊ ထိန်ကုန်းကျေးရွာ၊ ဓမ္မသုခဘုန်းကြီးကျောင်း၌ (၂-၈-၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီအချိန်မှ(၁၂း၀၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန် /ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း တို့ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ရပ်ကျေးစာရေးနှင့် ကျေးရွာသူ/သား (၃၀၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ) # ar # bgo_ aug 2019
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၉) ရက်နေ့ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ ချောင်းဝပြင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင် ပြိုလဲအိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၃)စုစာ၊ အမိုးလန်အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်နှင့် စုစုပေါင်းဘေးသင့်လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာအတွက်ထောက်ပံ့ငွေ (၃၃၆၀၀/-) စုစုပေါင်းရန်ပုံငွေ (၃၈၃၆၀၀/-)ကျပ်ကို (၁-၈-၂၀၁၉)ရက်နေ့ (၁၁း၃၀)အချိန်တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # tny_aug 2019
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ အင်ရှည်ကုန်း ကျေးရွာ၌ (၃၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ် (၁) လုံးမှ လူဦးရေ (၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်ဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀၀/-) ကျပ်တို့ကို (၁-၈-၂၀၁၉) ရက်နေ့၊ (၁၆း၃၀) အချိန်တွင် … Read more
-
သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) အချိန်တွင် သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုပေါင်းရုံး၌ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးကို ဖွင့်လှစ် ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ (၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #tny_aug2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ရှမ်းပြည်နယ်ဦးစီမှူးရုံးမှ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စာက်မြို့နယ်၌ (၃၀-၇-၂၀၁၉)ရက်နေ့မှ (၃၁-၇-၂၀၁၉)ရက်နေ့အထိ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းအား သင်တန်းသား/သင်တန်းသူ (၆၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပါကြောင်းနှင့် သင်တန်းသား/သင်တန်းသူများမှလည်း အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီမှူးရုံး (ဘစမ) # ar # shn_ aug 2019
-
လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) အချိန်တွင် လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုပေါင်းရုံး၌ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးကို ဖွင့်လှစ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ (၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #tny_aug2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









