ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံးမှ ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်တုံ့ပြန်ရေးစီမံချက်စာအုပ်မိတ်ဆက်ခြင်းအခမ်းအနားကျင်းပမှုသတင်း

2 _ Pic _02 2 _ Pic _01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၉)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ Novotel ဟိုတယ်၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်စာအုပ်မိတ်ဆက်ခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီးသဘာဝဘေးကော်မတီအဖွဲ့ဝင်များ ၊ ဥရောပသမဂ္ဂ ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ ၊ လူမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ အခမ်းအနားတွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ မှ တိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌထံသို့ လုက်ငန်းကော်မတီ (၁၂) ခုအတွက် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်စာအုပ်များကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးလှုပ်ရှားမှုဓါတ်ပုံမှတ်တမ်းများ ပြသထားမှုကို ကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ)

# ar_eqk

# ygn_ aug 2019

Sign Up

Upcoming Events