လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၉) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ Novotel ဟိုတယ်၌ ရန်ကုန်တိုင်းဒေသကြီးအဆင့် ငလျင်ဘေးအန္တရာယ် စားပွဲဝိုင်းဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီးသဘာဝဘေးကော်မတီအဖွဲ့ဝင်များ၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊လူမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါကြောင်းနှင့် စားပွဲဝိုင်းဇာတ်တိုက်လေ့ကျင့်ခန်းတွင် လုပ်ငန်းကော်မတီအလိုက် အုပ်စုခွဲ၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အဖွဲ့အလိုက် ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ)
# ar_eqk
# ygn_ aug 2019