လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ အင်ရှည်ကုန်း ကျေးရွာ၌ (၃၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ် (၁) လုံးမှ လူဦးရေ (၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်ဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀၀/-) ကျပ်တို့ကို (၁-၈-၂၀၁၉) ရက်နေ့၊ (၁၆း၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#tny_aug2019
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)