လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၉) ရက်နေ့ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ ချောင်းဝပြင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင် ပြိုလဲအိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၃)စုစာ၊ အမိုးလန်အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်နှင့် စုစုပေါင်းဘေးသင့်လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာအတွက်ထောက်ပံ့ငွေ (၃၃၆၀၀/-) စုစုပေါင်းရန်ပုံငွေ (၃၈၃၆၀၀/-)ကျပ်ကို (၁-၈-၂၀၁၉)ရက်နေ့ (၁၁း၃၀)အချိန်တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
# ha_sgw
# tny_aug 2019