Category Archives: News
-
ဘင်္ဂလားပင်လယ်အော်အခြေအနေ
========================================= (၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက် —————————————————————————– “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် နောက်(၄၈) နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပါသည်။ “
-
ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၁၉ခုနှစ်၊ အစိုးရဌာနဆိုင်ရာများနှင့် ဒုတိယအကြိမ် အရပ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း ======================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၁၉ ခုနှစ် အစိုးရဌာနဆိုင်ရာများနှင့် ဒုတိယအကြိမ် အရပ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံပွဲ အခမ်းအနားအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် (၂-၈-၂၀၁၉)ရက်နေ့ (၁၄း၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးသန်းစိုး(ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ဆောင်ရွက်နေသော လုပ်ငန်းများ၊ လူမှုအဖွဲ့အစည်း များအား တွေ့ဆုံရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဒေါ်နော်သာဝါး(ညွှန်ကြားရေးမှူး)မှ လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက် နေသည့် လုပ်ငန်းများအား … Read more
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၈.၂၀၁၉)ရက်နေ့တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၆)ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဇမိမြစ်ရေမြင့်တက်လာမှုကြောင့် ပြောင်းရွေ့နေထိုင်ရသော အိမ်ထောင်စု(၇၆)စု လူဦးရေ(၃၃၀)ဦး တို့အတွက် ဆန်ရိက္ခာဖိုးငွေ (၆၉၃၀၀၀/-)အား (၄.၈.၂၀၁၉)ရက်နေ့တွင် ကရင်ပြည်နယ် လူမှုရေးဝန်ကြီးနှင့်အတူ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိခဲ့ပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha_fld #krn_aug2019
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၈.၂၀၁၉)ရက်နေ့ တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာ၌ မိုးသက်လေပြင်းကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)နှင့် လူ(၂)ဦးအတွက် ဆန်ရိက္ခာဘိုး (၄၂၀၀)အား (၂.၈.၂၀၁၉)ရက်နေ့ (၈း၃၀)အချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha-sgw #tny_aug2019
-
မြစ်ရေကြီးမှုအခြေအနေသတင်း
=============================================================== ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေ သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ————————————————————————————————————————– စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ————————————————————————————————————————— အကြံပြုချက် သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း … Read more
-
သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှု ကြိုတင်ကာကွယ်မှု မေးမြန်းဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၄.၇.၂၀၁၉)ရက်နေ့တွင် ဂျပန်နိုင်ငံ Kobe University ၌တက်ရောက်လျက်ရှိသော ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဥမ္မာ ဦးဆောင်သောအဖွဲ့ဝင် (၁ဝ)ဦးတို့သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှု ကြိုတင်ကာကွယ်မှု များ ရေးဘေးအန္တရာယ်နှင့်ပတ်သက်သော ဆောင်ရွက်ထားရှိမှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ကြပါ ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ar #mon_aug2019
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကျိုက်မရောမြို့နယ်၊ နိတုံကျေးရွာ၊ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၉၀၀၀ဝိ/-) လူဦးရေ (၃၇)ဦးအတွက် (၇)ရက်စာဆန်ဖိုးငွေ (၇၇၇၀ဝိ/-) စုစုပေါင်းငွေ (၃၆၇၇၀ဝိ/-)အား (၃-၈-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha-sgw #mon_aug2019
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
၂၀၁၉ခုနှစ်၊ ဇူလိုင်လအတွင်း၌ တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ယခုအခါ၌ မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရေဘေးရှောင် နေရာများ ပိတ်သိမ်းပြီးဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အချို့နေရာများ၌ ရေဘေးရှောင် ပြည်သူများကျန်ရှိနေသေးကြောင်း သိရှိရပါသည်။ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ၊ (၂)ရက်နေ့နှင့် (၃)ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် (၃-၈-၂၀၁၉) အခြေအနေအရ ပဲခူးတိုင်းဒေသကြီး၌ ကျောက်ကြီး၊ ရွှေကျင်မြို့နယ်များတွင် အိမ်ထောင်စု(၅၁)၊ လူဦးရေ (၂၅၄)ဦးနှင့် ကရင်ပြည်နယ်၌ ကြာအင်းဆိပ်ကြီး၊ … Read more
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၈.၂၀၁၉)ရက်နေ့ ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာတွင် လေဘေးဒဏ်ကြောင့် ပြိုလဲပျက်စီးနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀၀)၊ အိမ်ထောင်စု (၃)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အမိုးလန်ပျက်စီးနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး၊ (၂၅၀၀၀၀)၊ ဘေးသင့်လူဦးရေစုစုပေါင်း (၂၄)ဦးအတွက် ဆန်ရိက္ခာဘိုး (၅၀၄၀၀)၊ စုစုပေါင်းရန်ပုံငွေ (၇၀၀၄၀၀)အား (၂.၈.၂၀၁၉)ရက်နေ့ (၁၆း၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha-sgw … Read more
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၈.၂၀၁၉)ရက်နေ့တွင် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများစီးဆင်းလာမှုကြောင့် ကမော့ကချူးကျေးရွာအုပ်စုရှိ cyclone shelter ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွေ့နေထိုင်ရသော လှိုင်းဘွဲမြို့နယ် (က)ရပ်ကွက်ရှိ အိမ်ထောင်စု(၂၄)စု လူဦးရေ (၁၄၁)ဦး တို့အတွက် ဆန်ရိက္ခာဖိုးငွေ (၂၉၆၁၀၀/-)အား (၃.၈.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha-fld #krn_aug2019









