လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၁၉ ခုနှစ် အစိုးရဌာနဆိုင်ရာများနှင့် ဒုတိယအကြိမ် အရပ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံပွဲ အခမ်းအနားအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် (၂-၈-၂၀၁၉)ရက်နေ့ (၁၄း၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးသန်းစိုး(ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ဆောင်ရွက်နေသော လုပ်ငန်းများ၊ လူမှုအဖွဲ့အစည်း များအား တွေ့ဆုံရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဒေါ်နော်သာဝါး(ညွှန်ကြားရေးမှူး)မှ လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက် နေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် အရပ်ဖက်အဖွဲ့အစည်းများမှ မိမိတို့အဖွဲ့အစည်း၏ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် သဘာဝဘေးဖြစ်ပေါ်လာပါက ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရန်အတွက် လိုအပ်သည်များ ဆွေးနွေးတင်ပြခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug2019
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)