တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

1 2 4 6 7 8 9 12 13 14

၂၀၁၉ခုနှစ်၊ ဇူလိုင်လအတွင်း၌ တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ယခုအခါ၌ မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရေဘေးရှောင် နေရာများ ပိတ်သိမ်းပြီးဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အချို့နေရာများ၌ ရေဘေးရှောင် ပြည်သူများကျန်ရှိနေသေးကြောင်း  သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ၊ (၂)ရက်နေ့နှင့် (၃)ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် (၃-၈-၂၀၁၉) အခြေအနေအရ

  • ပဲခူးတိုင်းဒေသကြီး၌ ကျောက်ကြီး၊ ရွှေကျင်မြို့နယ်များတွင် အိမ်ထောင်စု(၅၁)၊ လူဦးရေ (၂၅၄)ဦးနှင့် ကရင်ပြည်နယ်၌ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်မြို့နယ်များတွင် အိမ်ထောင်စု(၃၆၈)စု၊ လူဦးရေ(၁၇၄၇)ဦးတို့သည် ယာယီရေဘေးရှောင်နေရာများ၌ ပြောင်းရွှေ့နေထိုင် လျက်ရှိပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရဖွဲ့များနှင့်ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေစုစုပေါင်း ကျပ်(၂၁၉၃)သိန်းကျော် ထောက်ပံ့ပြီးဖြစ်ကြောင်းနှင့် ဩဂုတ်လ အတွင်းဖြစ်ပွားသည့် ရေဘေးများအတွက်လည်း ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများက သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ နှင့်ပူးပေါင်း၍ အချိန်နှင့် တပြေးညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပြည်သူများအနေဖြင့်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန် ချက်များ၊ ပညာရှင်များ၏ သုံးသပ်အကြံပြုချက်များကို အလေးထားဂရုပြုလိုက်နာရန်နှင့် အကူအညီ လိုအပ်ပါက ဒေသအလိုက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများသို့ဖြစ်စေ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်) Hot Line နံပါတ်များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ သို့ ဖြစ်စေအကူအညီတောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ နှိုးဆော်ထားပါသည်။

#ha_fld

#bgo_aug2019

#krn_aug2019

Source:  DDM

 

Sign Up

Upcoming Events