Category Archives: News
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ သက်ကယ်ပြင်အုပ်စု၊ ပေါ်သစ် ကျေးရွာ၊ အင်းဂရမ်းအုပ်စု၊ အုတ်သျှစ်ကုန်းကျေးရွာနှင့် မြို့ကွင်းအုပ်စု၊ အလယ်စုကျေးရွာတို့၌(၃၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၃၀) လုံးရှိ လူဦးရေ (၁၂၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၀၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၇၀,၉၀၀/-) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးထောက်ပံ့ငွေ (၃,၂၇၀,၉၀၀/-) ကျပ်ကို (၁-၈-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု ၊ခုံကြီးကျေးရွာတွင်(၃၁-၇-၂၀၁၉)ရက်နေ့တွင် ကမ်းပြိုဘေးသင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/)ကျပ်၊ ဆန်ရိက္ခာဖိုး(၇)စားထောက်ပံ့ငွေ(၁၀၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၁၀၅၀၀/)ကျပ်တို့ကို(၁-၈- ၂၀၁၉) ရက်နေ့တွင် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_rbe # ayy_aug 2019
-
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ကျောက်ထုံးကြီးအုပ်စု၊ လက်ပံဇင် ကျေးရွာ၌ (၂၆-၇-၂၀၁၉) ရက်နေ့တွင်လည်းကောင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စု၊ မိုးတားလေး ကျေးရွာ၌ (၂၇-၇-၂၀၁၉) ရက်နေ့တွင်လည်းကောင်း ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု (၈) စုမှ လူဦးရေ (၄၁) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၈) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၈၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ … Read more
-
ရေဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၉) ရက်နေ့တွင် ရေကြည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ယခင်စိုက်ထူထားခဲ့သော မုန်တိုင်းဘေးအသိပညာပေးဆိုင်းဘုတ် အစား ရေဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူအများ သိရှိနိုင်ရန် ရေဘေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်ကို ပြာင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2019 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် အာရှ- ပစိဖိတ်လူ့အခွင့်အရေးကော်မရှင်အဖွဲ့တို့က လာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များနှင့် အာရှ-ပစိဖိတ်လူ့အခွင့်အရေးကော်မရှင်မှ ကျွမ်းကျင်သူ Ms. Mohottalatage Thanuja Dayadari Navartne နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံသားများလူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ ခိုင်မာစေရေးအတွက် ဝန်ကြီးဌာနက ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုစသည့် ဦးတည်အုပ်စုများအလိုက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ကာကွယ်စောင့်ရှောက်မှုများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ဝန်ကြီးဌာနနှင့် အဓိကသက်ဆိုင်သော လူ့အခွင့်အရေးဆိုင်ရာစာချုပ်များဖြစ်သည့် … Read more
-
ကျောက်တော်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည့် ဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ ကျားနင်းကန်ကျေးရွာ အုပ်စု၊ လိပ်မကျေးရွာ၌ (၃၀-၇-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လက်နက်ကျည်ထိမှန်မှုကြောင့် ယာတင်ပါး ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ကျောက်တော်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည့် ဘေးသင့် ပြည်သူ (၁) ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်ကို ဘေးသင့်ပြည်သူထံသို့ (၃၁-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_aug2019 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးဦကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာ၌ (၃၀-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတို့အား (၃၁-၇-၂၀၁၉) ရက်နေ့ (၁၂း၃၀) နာရီအချိန်တွင် တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
ယင်းမာပင်ခရိုင်ဦးစီမှုးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၉)ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမ၌ ကနီမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ တက်ရောက်သူအင်အား(၉၅)ဦးကို သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ပြီးDAN application အားရှင်းလင်းပြောကြားခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ # ar # sgg_ aug 2019 Source: ယင်းမာပင်ခရိုင်ဦးစီမှုးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၊ လက်ကောက် ဈေးဘုန်းတော်ကြီးကျောင်း၌ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၅၀) စုမှ လူဦးရေ (၁၅၅) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၁,၃၉၅,၀၀၀/-)ကျပ်အားလည်းကောင်း၊ အောင်တပ်ရပ်ကွက်၊ မြို့သစ်ဘုန်းတော်ကြီး ကျောင်း၌ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၇၃) စုမှ လူဦးရေ (၇၁၂) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၆,၄၀၈,၀၀၀/-) ကျပ်အားလည်းကောင်း၊ မင်းပြားမြို့နယ်၊ နဂရာကျေးရွာအုပ်စု၊ ကျွန်းတောရွှေဖောင်တောဘုန်းတော်ကြီးကျောင်း၌ … Read more
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ထပ်တိုးတိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၉)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာရှိ ထပ်တိုးတိုက်ပွဲရှောင် အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၀)ဦးအတွက် ဆန်ရိက္ခာ(၁)လစာဖိုးထောက်ပံ့ငွေ (၁၈၀၀၀၀/-)အား (၃၁-၇-၂၀၁၉)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # otr # rke_aug 2019









