Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ငလျင်ဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ထားရှိမှုများ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများဆွေးနွေးပွဲသို့တက်ရောက်
ငလျင်ဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ ဆွေးနွေးပွဲ အစီအစဉ်ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပရာ “ငလျင်ဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးအတွက် လက်ရှိဆောင်ရွက် ထားမှုများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက Chair အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်က Co-Chair အဖြစ်လည်းကောင်း ဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ … Read more
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉)ရက် နေ့ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ လသာကျေးရွာမှ လေဘေးကြောင့် အမိုးပျက်စီးသွားသော ခရစ်ယာန်ဘုရားရှိခိုးကျောင်းအတွက် ထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်ကို (၄-၈-၂၀၁၉)ရက်နေ့ (၁၇း၄၅) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင့် သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # tny_aug 2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်အုပ်စု၊ ဖိုးခေါင်အုပ်စု၊ စံရွေးအုပ်စုနှင့် ဘီးလင်းအုပ်စုတို့၌ (၂-၈-၂၀၁၉) ရက်နေ့နှင့် (၄-၈-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၈) အိမ်ထောင်စုစာတို့ကိုလည်းကောင်း၊ ဒဏ်ရာရ (၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀၀/-)ကျပ်ကိုလည်းကောင်း၊ ပြိုလဲနေအိမ် (၈) လုံးနှင့် အမိုးလန်နေအိမ် (၅) လုံးတို့ရှိ လူဦးရေ (၄၄) … Read more
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၉)ရက် နေ့ မြိတ်မြို့နယ်၊ မြိတ်တောင်အုပ်စု၊ ဘုရားကိုင်ရပ်ကွက်မှ လေဘေးကြောင့် သစ်ပင်ဖိပြိုလဲအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါ(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄၇၀၀/-)ကျပ် စုစုပေါင်းရန်ပုံငွေ (၁၁၄၇၀၀/-)ကျပ်တို့ကို (၄-၈-၂၀၁၉)ရက် နေ့ (၁၃း၃၀)အချိန်တွင် လည်းကောင်း၊ (၃-၄-၂၀၁၉)ရက်နေ့ မြိတ်မြို့နယ်၊ ကဟန်းကျေးရွာအုပ်စု၊ ကဟန်းကျေးရွာမှ လေဘေးကြောင့် အမိုးပျက်စီးအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ် နှင့် ဘေးသင့်လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ကျေးရွာအုပ်စု၊ ကျောက်အိုင်ရွာ၌ (၃-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံငွေ (၈,၄၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု(၁)စာတို့ကို (၆-၈-၂၀၁၉) ရက်နေ့၊ (၁၁:၃ဝ) နာရီအချိန်တွင် လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ … Read more
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်ထုတ်ပြန်ချက်) +++++++++++++++++++++++++++++++++++++++++ ၁။ (က) မုန်တိုင်းငယ်အခြေအနေ +++++++++++++++++++ (၁) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့ (Digha)၏ တောင်-အရှေ့တောင်ဘက်မိုင် (၅၀)ခန့်နှင့် ဘလာဆောမြို့ (Blasore)၏ အရှေ့တောင်ဘက် (၅၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ် (Depression) သည် … Read more
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉)ရက် နေ့ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ သုခရပ်ကွက်မှ ဖြစ်ပွားသော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၄၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၁၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၇၈၀၀/-)ကျပ်၊ စုစုပေါင်း (၂၇၇၈၀၀/-)ကျပ်အား (၄-၈-၂၀၁၉)ရက်နေ့ (၁၁း၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင့် သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # tny_aug 2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သနပ်ပင်မြို့နယ်၊ ရပ်ကွက် (၁) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃) စုတို့၌ (၃-၈-၂၀၁၉) ရက်နေ့မှ (၄-၈-၂၀၁၉) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးအိမ်ထောင်စု (၂)စုစာတို့အားလည်းကောင်း၊ ပြိုလဲနေအိမ်နှင့် အမိုးလန်နေအိမ်(၇)လုံးတို့မှ ဘေးသင့်လူဦးရေ (၅၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၁,၃၀၀/-) ကျပ်တို့အားလည်းကောင်း (၆-၈-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ … Read more
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉)ရက် နေ့ ပုလောမြို့နယ်၊ ပလောက်မြို့အမှတ်( ၁)ရပ်ကွက်နှင့် ဆင်ထိုးကြီးကျေးရွာအုပ်စု၊ဘုရင်တောင်ကျေးရွာတို့တွင် ဖြစ်ပွားသော လေဘေးကြောက် ပြိုလဲအိမ်ခြေ( ၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် အမိုးလန်အိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၅၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၇၈၀၀/-)ကျပ် စုစုပေါင်းရန်ပုံငွေ (၃၈၇၈၀၀/-)ကျပ်တို့ကို (၄-၈-၂၀၁၉)ရက်နေ့ (၁၄း၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင့် သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # tny_aug 2019
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၆-၈-၂၀၁၉) ရက်နေ့၊ (၁၁း၀၀)နာရီမှ (၁၂း၃၀)နာရီအထိ အ-ထ-က(၁)ကန့်ဘလူမြို့ရှိ ကျောင်းသူ၊ ကျောင်းသား (၂၅၀)ဦး တို့အား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)









