လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၉)ရက် နေ့ မြိတ်မြို့နယ်၊ မြိတ်တောင်အုပ်စု၊ ဘုရားကိုင်ရပ်ကွက်မှ လေဘေးကြောင့် သစ်ပင်ဖိပြိုလဲအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါ(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄၇၀၀/-)ကျပ် စုစုပေါင်းရန်ပုံငွေ (၁၁၄၇၀၀/-)ကျပ်တို့ကို (၄-၈-၂၀၁၉)ရက် နေ့ (၁၃း၃၀)အချိန်တွင် လည်းကောင်း၊ (၃-၄-၂၀၁၉)ရက်နေ့ မြိတ်မြို့နယ်၊ ကဟန်းကျေးရွာအုပ်စု၊ ကဟန်းကျေးရွာမှ လေဘေးကြောင့် အမိုးပျက်စီးအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ် နှင့် ဘေးသင့်လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ် စုစုပေါင်းရန်ပုံငွေ (၁၀၈၄၀၀/-)ကျပ် တို့ကို (၄-၈-၂၀၁၉)ရက်နေ့ (၁၆း၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင့် သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
# ha_sgw
# tny_aug 2019