လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

7_ Pic _ 03 7_ Pic _ 04

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်အုပ်စု၊ ဖိုးခေါင်အုပ်စု၊ စံရွေးအုပ်စုနှင့် ဘီးလင်းအုပ်စုတို့၌ (၂-၈-၂၀၁၉) ရက်နေ့နှင့် (၄-၈-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၈) အိမ်ထောင်စုစာတို့ကိုလည်းကောင်း၊ ဒဏ်ရာရ (၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀၀/-)ကျပ်ကိုလည်းကောင်း၊

ပြိုလဲနေအိမ် (၈) လုံးနှင့် အမိုးလန်နေအိမ် (၅) လုံးတို့ရှိ လူဦးရေ (၄၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၉၂,၄၀၀/-) ကျပ်ကိုလည်းကောင်း (၆-၈-၂၀၁၉) ရက်နေ့၊ (၁၀းဝဝ) နာရီအချိန် တွင် သာယာဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_aug2019

Source:           ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events