မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉)ရက် နေ့ ပုလောမြို့နယ်၊ ပလောက်မြို့အမှတ်( ၁)ရပ်ကွက်နှင့် ဆင်ထိုးကြီးကျေးရွာအုပ်စု၊ဘုရင်တောင်ကျေးရွာတို့တွင် ဖြစ်ပွားသော လေဘေးကြောက် ပြိုလဲအိမ်ခြေ( ၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် အမိုးလန်အိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၅၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၇၈၀၀/-)ကျပ် စုစုပေါင်းရန်ပုံငွေ (၃၈၇၈၀၀/-)ကျပ်တို့ကို (၄-၈-၂၀၁၉)ရက်နေ့ (၁၄း၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင့် သတင်းရရှိပါသည်။

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

# ha_sgw

# tny_aug 2019

Sign Up

Upcoming Events