မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉)ရက် နေ့ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ သုခရပ်ကွက်မှ ဖြစ်ပွားသော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၄၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၁၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၇၈၀၀/-)ကျပ်၊ စုစုပေါင်း (၂၇၇၈၀၀/-)ကျပ်အား (၄-၈-၂၀၁၉)ရက်နေ့ (၁၁း၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင့် သတင်းရရှိပါသည်။

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

# ha_sgw

# tny_aug 2019

Sign Up

Upcoming Events