Category Archives: News
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉) ရက်နေ့ထိ တနင်္သာရီမြို့နယ်တွင် မြစ်ရေဝင်ရောက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများနှင့် နီးစပ်ရာဆွေမျိုးအိမ်များတွင်ပြောင်းရွှေ့နေထိုင်ကြသည့် အိမ်ထောင်စု(၁၄၇)စု၊ လူဦးရေ (၇၀၀)ဦးရှိသည့်အနက် ထောက်ပံ့ရန်ကျန်ရှိသော (၄၃၇)ဦးအတွက် ဆန်နှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေ (၉၁၇၇၀၀/- )ကျပ်အား (၁၀-၈-၂၀၁၉)ရက်နေ့ ညနေ (၅း၂၀)နာရီ တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီမှူးရုံး (ဘစမ) #ha_fld #tny_aug 2019
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေကျဆင်းမှုကြောင့် မြိတ်မြို့နယ်၊ ပပြင်ကျေးရွာမှ ရေမျောပါအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅) မျိုး(၂)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၁၀၀၀/-)ကျပ်ကိုလည်းကောင်း၊ အလယ်ကျွန်း ကျေးရွာမှ ရေမျောပါအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး(၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက် စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်တို့ကို( ၁၀-၈-၂၀၁၉)ရက်နေ့ (၁၂း၀၀)အချိန်တွင် ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီမှူးရုံး (ဘစမ) #ha_fld #tny_aug … Read more
-
၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှစ၍ ရေဘေးဖြစ်ပွားမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေစာရင်းချုပ်
၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှစ၍ ရေဘေးဖြစ်ပွားမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေစာရင်းချုပ် ရေဘေးဇယားချုပ် ရေဘေးဇယားချုပ်
-
၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှစ၍ ရေဘေးဖြစ်ပွားမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေ
၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှစ၍ ရေဘေးဖြစ်ပွားမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေ ရေဘေးဇယား
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် ( ၁၀-၈- ၂၀၁၉) ရက်နေ့ (၁၃:၃၀)နာရီအချိန်မှ(၁၅:၃၀)နာရီအချိန်အထိ သံတွဲခရိုင်၊ သံတွဲမြို့၊ အ.ထ.က (ခွဲ)ငကျော်တောင်ကျောင်းတွင် ရာသီဥတုပြောင်းလဲလာမှု၊ ငလျင်ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေးဖြစ်ပွားမှု၊ မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေး ဟောပြော ခဲ့ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ရာတွင်ကျောင်းသူ/သားများ နှင့်ဆရာ/ဆရာမများ( ၁၂၀)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #rke_aug 2019 Source; သံတွဲခရိုင်ဦးစီမှုးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၉) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စု၊ အုန်းစံဆိုင်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ အမိုးလန်ပျက်စီးနေအိမ်(၁၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၁၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၄၅၇၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၂)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁၇)အိပ်ထောင်စာ၊ စုစုပေါင်းထောက်ပံငွေ(၁၄၅၅၇၀၀/-)ကျပ်တို့ကို ဘေးသင့်ပြည်သူများထံသို့ (၁၀-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီမှူးရုံး (ဘစမ) #ha_sgw #kcn_aug 2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံ ကုန်းမြို့နယ်၊ သောင်ခုန်ကျေးရွာ၌ (၆-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် ပြိုကျ ပျက်စီးအိမ်ခြေ (၁) လုံး၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်တောင်ကျေးရွာ၌ (၇-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးအိမ်ခြေ (၁) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁) လုံးနှင့် တွံတေးမြို့နယ်၊ ဆယ်အိမ်စုကျေးရွာ၌ (၈-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးအိမ်ခြေ (၁) လုံး၊ … Read more
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းပြားမြို့နယ်အတွင်း ယာယီခိုလှုံရာ ဘုန်းတော်ကြီးကျောင်း (၁၁) ကျောင်းရှိ ထပ်တိုးရောက်ရှိလာသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၃၉၅) စု၊ လူဦးရေ (၁၄၇၄) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာ ထောက်ပံ့ငွေ (၆,၁၉၀,၈၀၀/-) ကျပ်တို့အား (၈-၈-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #rke_augl2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉) ရက်နေ့ (၁၀း၀၀)နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်အထိ သံတွဲခရိုင်၊ အံတော်အုပ်စု၊ အ.မ.က-ရောင်ခြည်ဦးကျောင်းတွင် ရာသီဥတုပြောင်းလဲလာမှု၊ ငလျင်ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေးဖြစ်ပွားမှု၊ မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့်ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြော ခဲ့ခြင်းနှင့် လက်ကမ်းစာ စောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ရာတွင် ကျောင်းသား/ကျောင်းသူများနှင့် မိဘ၊ဆရာများ( ၅၅)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source; သံတွဲခရိုင်ဦးစီမှုးရုံး (ဘစမ) #ar #rke_aug 2019
-
ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် IOM အဖွဲ့တို့ ပူးပေါင်း၍ ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား (၁၀-၈-၂၀၁၉)ရက်နေ့တွင် ပုသိမ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆင်းသီရိဓမ္မာရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခန်းသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်/ရပ်ကွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ သဘာဝဘေးကူညီဆောင်ရွက်နေသည့် ပရဟိတအဖွဲ့များ၊ ရပ်ကွက်နေပြည်သူလူထုများ စုစုပေါင်းအင်အား(၃၀၀)ဦးဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Life Jacket ၊ Radio Hand Speaker ၊First Aid Kit များအား ရပ်ကွက်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံ … Read more









