ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉) ရက်နေ့ထိ တနင်္သာရီမြို့နယ်တွင် မြစ်ရေဝင်ရောက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများနှင့် နီးစပ်ရာဆွေမျိုးအိမ်များတွင်ပြောင်းရွှေ့နေထိုင်ကြသည့် အိမ်ထောင်စု(၁၄၇)စု၊ လူဦးရေ (၇၀၀)ဦးရှိသည့်အနက် ထောက်ပံ့ရန်ကျန်ရှိသော (၄၃၇)ဦးအတွက် ဆန်နှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေ (၉၁၇၇၀၀/- )ကျပ်အား (၁၀-၈-၂၀၁၉)ရက်နေ့ ညနေ (၅း၂၀)နာရီ တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မြိတ်ခရိုင်ဦးစီမှူးရုံး (ဘစမ)

#ha_fld

#tny_aug 2019

Sign Up

Upcoming Events