သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် ( ၁၀-၈- ၂၀၁၉) ရက်နေ့ (၁၃:၃၀)နာရီအချိန်မှ(၁၅:၃၀)နာရီအချိန်အထိ သံတွဲခရိုင်၊ သံတွဲမြို့၊ အ.ထ.က (ခွဲ)ငကျော်တောင်ကျောင်းတွင် ရာသီဥတုပြောင်းလဲလာမှု၊ ငလျင်ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေးဖြစ်ပွားမှု၊ မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေး ဟောပြော ခဲ့ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ရာတွင်ကျောင်းသူ/သားများ နှင့်ဆရာ/ဆရာမများ( ၁၂၀)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ar

#rke_aug 2019

Source; သံတွဲခရိုင်ဦးစီမှုးရုံး (ဘစမ)

Sign Up

Upcoming Events