လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေကျဆင်းမှုကြောင့် မြိတ်မြို့နယ်၊ ပပြင်ကျေးရွာမှ ရေမျောပါအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅) မျိုး(၂)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၁၀၀၀/-)ကျပ်ကိုလည်းကောင်း၊ အလယ်ကျွန်း ကျေးရွာမှ ရေမျောပါအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး(၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက် စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်တို့ကို( ၁၀-၈-၂၀၁၉)ရက်နေ့ (၁၂း၀၀)အချိန်တွင် ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီမှူးရုံး (ဘစမ)
#ha_fld
#tny_aug 2019