Category Archives: News
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၁၉)ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ဇောင်းတန်းကြီးကျေးရွာအုပ်စု၊ ဇောင်းတန်းလေးကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံတက်၍ ရေစီးဖြင့်မျောပါ နိုင်သဖြင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့် အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေစုစုပေါင်း(၁၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၇၃၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ် ရန်ပုံငွေစုစုပေါင်း(၃၂၇၃၀၀/-)ကျပ်တို့အား (၁၃-၈-၂၀၁၉)ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက် တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီမှူးရုံး (ဘစမ) #ha_sgw #mgy_aug 2019
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၈-၂၀၁၉) ရက်နေ့၊ (၁ဝး၀၀)နာရီမှ (၁၂းဝဝ) နာရီအထိ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ဇင်းကျိုက်)၊ ရတနာမွန်ခန်းမ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၄၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mon_aug2019 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်l လှိုင်းဘုန်းကျေးရွာအုပ်စု၊ ခရေကုန်းကျေးရွာနှင့် ဖလံချောင်းကျေးရွာတို့တွင် (၇-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း(၁)ကျောင်း၊ အိမ်ခြေ(၁၂)လုံး၊ အိမ်ထောင်စု (၁၂)စုမှ ဘေးသင့်ပြည်သူလူဦးရေ(၄၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၂၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၅၀၀,၀၀၀/-)ကျပ်၊ ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁၂)ပုံးတို့အား (၁၃-၇-၂၀၁၉) ရက်နေ့၊ နံနက်(၁၁:၁၅)ချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စလှယ်ရုံးမှ တာဝန်ရှိသူများတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၁၉)ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ တာပွန်မြို့အတွင်းရှိ အ.ထ.က-တာပွန်ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်အသိပညာပေးဆွေးနွေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာသရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကိုကျင်းပခဲ့ရာ ကျောင်းသား၊ကျောင်းသူ(၅၀)ဦးအား သဘာဝဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဆင့်ပွားသင်တန်း ပေးခဲ့ပြီး ၎င်းသင်တန်းသားများနှင့်ပူးပေါင်း၍ ဆရာ၊ဆရာမများနှင့် ကျောင်သား၊ကျောင်းသူ(၈၀၀)ဦးတို့ကို ငလျင်သရုပ်ပြလေ့ကျင့်ခြင်းပြုလုပ်၍ လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; မိုးညိုမြို့နယ်ဦးစီမှူးရုံး (ဘစမ) #ar #bgo_aug 2019
-
Shelterများအားကွင်းဆင်းကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူ များသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ဒေးဒရဲမြို့နယ်၊ သောကြာအုပ်စု၊ မင်္ဂလာသောင်တန်းရှိ School Cum Shelterကိုလည်းကောင်း၊ ဖျာပုံမြို့နယ်၊ လက်ပံအုပ်စု၊ ကျုံကန်ရှိ Multi Purpose Shelter ကိုလည်းကောင်း၊ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ရှိ Cyclone Shelter ကိုလည်းကောင်း၊ ဖျာပုံမြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ ထောင့်ကြီးတန်ရှိ Cyclone Shelter ကိုကိုလည်းကောင်း (၁၁-၈-၂၀၁၉) ရက်နေ့နှင့် (၁၂-၈-၂၀၁၉) ရက်နေ့များတွင် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ကျိုက်ထိုမြို့တွင် (၁၃-၈-၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိ အဘိုင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မရုံ၌ လူဦးရေ (၁၅၀)ဦးခန့်အား မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက် လာသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; ကျိုက်ထိုမြို့နယ်ဦးစီမှူးရုံး (ဘစမ) #ar #mon_aug 2019
-
ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်၊ တိုင်းပညာရေး၊ မြို့နယ်ပညာရေးမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ မော်လိုက်မြို့နယ်အတွင်းရှိ ကမ်းပြိုဘေးအန္တရာယ်ကျရောက်နိုင်သည့် စာသင်ကျောင်းများဖြစ်သော ခါဝဲကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ)ကို (၁၁-၈-၂၀၁၉)ရက်နေ့တွင်လည်းကောင်း၊ ကင်းတပ်ကျေးရွာ၊ ကင်းတပ် အထက်တန်းကျောင်းနှင့် မနူနာကျေးရွာ၊ မနူနာ မူလွန်ကျောင်းများကို (၁၂-၈-၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; မော်လိုက်ခရိုင်ဦးစီမှူးရုံး (ဘစမ) #otr #sgg_aug 2019
-
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို နေပြည်တော် MICC-2 တွင် ဆက်လက်၍ ကျင်းပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရှိ လူငယ်ထုတစ်ရပ်လုံး၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရာတွင် ကောင်းမွန်သောလမ်းပြ ဖြစ်နိုင်မည့် လူငယ်ရေးရာ မူဝါဒကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလူငယ်ရေးရာမူဝါဒသည် လူငယ်များ၏ ဆန်းသစ်သောအတွေးအခေါ်ဆင်ခြင်တုံတရားများနှင့် လူကြီးများ၏ အတွေးအခေါ်နှင့် အတွေ့အကြုံများ ပေါင်းစပ်၍ အခက်အခဲများကို မည့်သို့ကျော်လွှားရမည်ဆို သည်ကို ဖော်ဆောင်နိုင်ရန်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မဟာဗျူဟာများလည်းရေးဆွဲထားပြီးဖြစ်ကြောင်း၊ အဆိုပါ မဟာဗျူဟာများကိုလည်း လူငယ်များကိုယ်တိုင်ပါဝင်ရေးဆွဲခဲ့ကြကြောင်း၊ ပြည်နယ်နှင့်တိုင်း … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၈.၂၀၁၉) ရက်နေ့တွင် သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၇၀,၀၀၀ိ/-)၊ လူဦးရေ(၁၈)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုးငွေ(၃၇,၈၀၀ိ/-)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘုန်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၀၇,၈၀၀ိ/-)အား (၉.၈.၂၀၁၉)ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_aug2019 Source- သထုံခရိုင်ဦးစီးမှူးရုံး









