လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်l လှိုင်းဘုန်းကျေးရွာအုပ်စု၊ ခရေကုန်းကျေးရွာနှင့် ဖလံချောင်းကျေးရွာတို့တွင် (၇-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း(၁)ကျောင်း၊ အိမ်ခြေ(၁၂)လုံး၊ အိမ်ထောင်စု (၁၂)စုမှ ဘေးသင့်ပြည်သူလူဦးရေ(၄၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၂၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၅၀၀,၀၀၀/-)ကျပ်၊ ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁၂)ပုံးတို့အား (၁၃-၇-၂၀၁၉) ရက်နေ့၊ နံနက်(၁၁:၁၅)ချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စလှယ်ရုံးမှ တာဝန်ရှိသူများတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီမှူးရုံး (ဘစမ)
#ha_sgw
#ayy_aug 2019