Shelterများအားကွင်းဆင်းကြည့်ရှုမှုသတင်း

13_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူ များသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ဒေးဒရဲမြို့နယ်၊ သောကြာအုပ်စု၊ မင်္ဂလာသောင်တန်းရှိ School Cum Shelterကိုလည်းကောင်း၊ ဖျာပုံမြို့နယ်၊ လက်ပံအုပ်စု၊ ကျုံကန်ရှိ Multi Purpose Shelter ကိုလည်းကောင်း၊ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ရှိ Cyclone Shelter ကိုလည်းကောင်း၊ ဖျာပုံမြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ ထောင့်ကြီးတန်ရှိ Cyclone Shelter ကိုကိုလည်းကောင်း (၁၁-၈-၂၀၁၉) ရက်နေ့နှင့် (၁၂-၈-၂၀၁၉) ရက်နေ့များတွင် ဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်အတူ တည်ဆောက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_aug2019

Source:           ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events