လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ကျိုက်ထိုမြို့တွင် (၁၃-၈-၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိ အဘိုင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မရုံ၌ လူဦးရေ (၁၅၀)ဦးခန့်အား မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက် လာသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source; ကျိုက်ထိုမြို့နယ်ဦးစီမှူးရုံး (ဘစမ)
#ar
#mon_aug 2019