လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၁၉)ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ဇောင်းတန်းကြီးကျေးရွာအုပ်စု၊ ဇောင်းတန်းလေးကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံတက်၍ ရေစီးဖြင့်မျောပါ နိုင်သဖြင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသည့် အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေစုစုပေါင်း(၁၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၇၃၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ် ရန်ပုံငွေစုစုပေါင်း(၃၂၇၃၀၀/-)ကျပ်တို့အား (၁၃-၈-၂၀၁၉)ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက် တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီမှူးရုံး (ဘစမ)
#ha_sgw
#mgy_aug 2019