Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် ပူးပေါင်း၍ (၁၄-၈-၂၀၁၉) ရက်နေ့တွင် အောင်မြေမာန်ရပ်ကွက်(တောင်ဦး/ပြင်သာကျေးရွာ) အမှတ် (၃) ကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၁၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_aug2019
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက်နေ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကြက်လွတ်ကျေးရွာတွင် ရေဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၂)လုံး၊ တစိတ်တပိုင်းပျက်စီးနေအိမ်(၄)လုံး၊ ဘုန်းတော်ကြီးကျောင်း(၁)ဆောင်တို့အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံံ့ငွေ(၈၀၀၀၀၀/-)ကျပ်နှင့် လုံးဝပျက်စီးနေအိမ်(၂)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၂)စုစာကို (၁၃-၈-၀၁၉)ရက်နေ့ ညနေ(၄)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_aug 2019
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက်နေ့ တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကြက်လွတ်ကျေးရွာ၊ ကျောက်ဝပ်ပြင်ကျေးရွာနှင့် ထောင့်နန်းကျေးရွာ တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျ ချောင်းရေကြောင့် ကယ်ဆယ်ရေးစခန်း(၃)ခုသို့ ပြောင်းရွေ့ခဲ့သည့် ရေဘေးသင့်အိမ်ထောင်စု(၁၁၆)စု၊ လူဦးရေ(၅၃၄)ဦး အတွက် ဆန်အိတ်(၃၉အိတ်၊တန်ဘိုး ၁၁၂၁၄၀၀/-)အား (၁၁-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_aug 2019 Source; တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ထနောင်းစုကျေးရွာနှင့် ဘုန်းတော်ကျေးရွာတို့တွင် (၁၀-၈-၂၀၁၉) ရက်နေ့တွင် မိုးရွာသွန်းပြီး ရေတိုက်စားမှုကြောင့် နေအိမ် (၁) လုံး ပြိုကျ၍ (၁) လုံး ယိုင်နဲ့ခဲ့ရာ ဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၇,၃၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၂၇,၃၀ဝ/-) … Read more
-
မြေပြိုဘေးနှင့်ရေဘေးထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက်နေ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် မြေပြိုဘေးနှင့် ရေဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၃)လုံး၊ တစိတ်တပိုင်းပျက်စီးနေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၀၉၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ(၇၆၀၉၀၀/-)ကျပ်နှင့် လုံးဝပျက်စီးနေအိမ်(၃)လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၃)အိမ်ထောင်စာကို (၁၃-၈-၂၀၁၉)ရက်နေ့ ညနေ (၅) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_lsd #ha_fld #tny_aug 2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်ပန်းတောင်းမြို့နယ်၊ ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာ (၇) ရွာတို့တွင် (၁၁-၈-၂၀၁၉) ရက်နေ့ (၁ရး၃၀) နာရီအချိန်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၁၁) လုံး၊ အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၄၇) ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးငွေ (၇) ရက်စာ (၉၈,၇၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၃၀,၀၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၇၂၈,၇၀ဝ/-) ကျပ်တို့အား (၁၃-၈-၂၀၁၉) ရက်နေ့တွင် … Read more
-
မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ (ပုလဲအောင်မြေ၊ နဒီအောင်မြေ၊ သီရိဟေမာ)ရပ်ကွက်နှင့် တုံးလှဲချောင်းကျေးရွာအုပ်စု၊ သစ်ဖြူချောင်းကျေးရွာ၊ ငုတောကျေးရွာတို့၌ (၇-၈-၂၀၁၉)ရက်နေ့နှင့် (၁၁-၈-၂၀၁၉)ရက်နေ့တို့တွင်ဖြစ်ပွားခဲ့သော လေဘေးတွင်ပြိုကျနေအိမ် (၄) လုံးအတွက်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၄ အိမ်ထောင်စုစာ)၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၄၀၀,၀၀၀)ကျပ်၊ အမိုးလန်ပျက်စီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၆,၀၀၀)ကျပ်၊ စုစုပေါင်းလူဦးရေ ( ၂၂ )ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၄၆,၂၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၂၂,၂၀၀)ကျပ် အား … Read more
-
လေဘေးသင့် နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ငဝန်ရပ်ကွက်၊ ဆည်ကြီး လမ်းတွင် (၁၂-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် အမိုးလန်ပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၈,၉၀၀/-) ကျပ်တို့အား (၁၄-၈-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့် ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြ မြို့နယ်၊ ရန်မနိုင်ကျေးရွာအုပ်စု၊ မှန်ဂူချောင်းကျေးရွာတွင် (၇-၈-၂၀၁၉) ရက်နေ့၊ (၂၃း၀၀)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးနှင့် မိသားစုဝင်(၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ (၈၄၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာ (၃၇၃၅၃/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၄၅၇၅၃/-)ကျပ်အား (၁၄-၅-၂၀၁၉)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug 2019 Source; မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ကန်ချောင်ကျေးရွာအုပ်စု၊ ကြံတော ကျေးရွာ၌ (၈-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျ/ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁)အိမ်ထောင်စုစာ တို့ကို (၁၃-၈-၂၀၁၉)ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more









