ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက်နေ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကြက်လွတ်ကျေးရွာတွင် ရေဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၂)လုံး၊ တစိတ်တပိုင်းပျက်စီးနေအိမ်(၄)လုံး၊ ဘုန်းတော်ကြီးကျောင်း(၁)ဆောင်တို့အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံံ့ငွေ(၈၀၀၀၀၀/-)ကျပ်နှင့် လုံးဝပျက်စီးနေအိမ်(၂)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၂)စုစာကို (၁၃-၈-၀၁၉)ရက်နေ့ ညနေ(၄)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source;  တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_fld

#tny_aug 2019

 

Sign Up

Upcoming Events