Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ မြေလင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ (၁၄-၈-၂၀၁၉) ရက်နေ့တွင် ကျောင်းသား/သူ (၃၀၀)ဦးခန့်နှင့် ကျေးရွာသူ/ကျေးရွာသား (၃၀) ဦးခန့်တို့ကို သဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြော ခဲ့ပြီး တက်ရောက်လာသူများအား စာအုပ်၊ ဘောပင်၊ ဆပ်ပြာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2019 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတိုင်းပိ၍ သေဆုံးသူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေး ရွာအုပ်စု၊ ဇော်ချောင်းကျေးရွာ၌ (၁၀-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတိုင်းပိ၍ သေဆုံးခဲ့သော သေဆုံးသူ(၁)ဦးအတွက် ထောက်ပံငွေ (၃၀၀,၀၀၀/-) ကျပ်ကို (၁၄-၈-၂၀၁၉) ရက်နေ့တွင် ကန့်ဘလူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_aug2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မြေပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၁၉)ရက် နေ့ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စု၊ ကင်းဆိုးကျေးရွာမှ မြေပြိုကျ၍ တစ်စိတ်တစ်ပိုင်းပျက်စီး ခဲ့သောနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၁၀၀၀/-)ကျပ်အား (၁၂-၈-၂၀၁၉)ရက်နေ့ ညနေ(၅း၄၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #tny_aug 2019
-
မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ဘေးသင့်သေဆုံးသူများအတွက် ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ စမ်းကြီးကျေးရွာ၊ စမ်းကြီးချောင်းဘေး၊ ရာဘာခြံအတွင်း၌ (၉-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် နေအိမ်မျောပါရေနစ်သေဆုံးခဲ့သည့် အိမ်ထောင်စု (၁) စုမှ လူဦးရေသေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်ကို (၁၄-၈-၂၀၁၉) ရက်နေ့တွင် သေဆုံးသူမိသားစုဝင်ထံသို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_aug2019 Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြေပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉) ရက်နေ့၌ မြိတ်မြို့နယ်၊ ကဟန်းကျေးရွာအုပ်စု၊ သက္ကထီးကျေးရွာတွင် မြေပြိုဘေးကြောင့်သစ်ပင်လဲကျပြီး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သောနေအိမ် (၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ( ၃၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၁၇)ဦးတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၅၇၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့ ညနေ(၄း၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #tny_aug 2019
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉) ရက်နေ့၌ မြိတ်မြို့နယ်၊ ပင်းအိုကျေးရွာအုပ်စု၊ ပင်းအိုကျေးရွာတွင် မြေပြိုဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူရေ(၆)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-)ကျပ် အား (၁၂-၈-၂၀၁၉)ရက်နေ့ နေ့လည် (၂း၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #tny_aug 2019
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင် မကွေးမြို့နယ်၊ ပဌနဂိုရ်ကျေးရွာအုပ်စု၊ ရေထွက်ကျေးရွာတွင် ပြိုကျအိမ်ခြေ(၉)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀၀၀၀/-)ကျပ်၊ လူဦးရေ (၅၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၁၇၆၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၃၆၇၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၉)အိမ်ထောင်စာတို့အား (၁၄-၈-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
အသက် (၆)လမှ (၃)နှစ်အရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပြုစု စောင့်ရှောက် သူများအတွက်အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပမှုသတင်း
နေပြည်တော်၊ သြဂုတ် ၁၅ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ နေပြည်တော်ရှိ ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများဖွင့်လှစ်နိုင်ရန် ရည်ရွယ်၍ အသက် (၆)လမှ (၃)နှစ်အရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်သူများအတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈း၃၀)နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ သီရိရတနာမူလတန်းကြိုကျောင်း၊ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အမှာစကားပြော ကြားခဲ့ရာတွင် ယနေ့ခေတ်သည် အမျိုးသားနှင့် အမျိုးသမီးများတန်းတူအလုပ်လုပ် … Read more
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်းသတိပေးချက်
ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၌ (၅-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ အမိုးလန်ပျက်စီး နေအိမ် (၃၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၂၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၇၃) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၆၃,၃၀၀/-) … Read more









