လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင် မကွေးမြို့နယ်၊ ပဌနဂိုရ်ကျေးရွာအုပ်စု၊ ရေထွက်ကျေးရွာတွင် ပြိုကျအိမ်ခြေ(၉)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀၀၀၀/-)ကျပ်၊ လူဦးရေ (၅၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၁၇၆၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၃၆၇၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၉)အိမ်ထောင်စာတို့အား (၁၄-၈-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Sourceး မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_fld
#mgy_aug 2019