Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇီးကုန်းမြို့နယ်၊ ဘုရားပျိုကျေးရွာအုပ်စု၊ ကျွဲကွင်းကျေးရွာတွင် (၁၆-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀ိ/-) ကျပ်နှင့် ဘေးသင့်လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄၇၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး ပလပ်စတစ်ပုံးပါ (၁)အိမ်ထောင်စာအား (၂၂-၈-၂၀၁၉)ရက်နေ့ နေ့လည် (၁၁:၃၀)နာရီအချိန်တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_aug 2019
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်တွေမြို့နယ် ဆွေမျိုးများနေအိမ်တွင် ယာယီခိုလုံလျက်ရှိသော တိုက်ပွဲရှောင် အိမ်ထောင်စု(၂၉)စု၊ လူဦးရေ(၈၂)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာဖိုး ထောက်ပံ့ငွေ(၃၄၄၄၀၀/-)ကျပ်အား (၂၀-၈-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #rke_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၉) ရက်နေ့ (၁၀း၀၀)နာရီမှ (၁၁း၃၀)နာရီအချိန်ထိ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ပြည်သူလူထု(၁၀၀)ဦးခန့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအားပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးလက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၉)ရက်နေ့၊ နေ့လည် (၁၃း၀၀)နာရီအချိန်တွင် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့်ပူးပေါင်း၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်နှင့်လူမှုမီဒီယာခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပခဲ့ပြီး သဘာဝဘေးအန္တရာယ်ကျရောက်မှုနှင့်ပတ်သတ်၍ လူမှုမီဒီယာသုံးစွဲမှုနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်သတင်းများအား လူမှုမီဒီယာများပေါ်တွင် မဟုတ်မမှန်ရေးသားနေမှုအခြေအနေအား စိစစ်ပြီးမှသာ ယုံကြည်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါပြီး အဆိုပါ စကားဝိုင်းသို့ ကျောင်းသားကျောင်းသူနှင့်ဆရာ/ဆရာမစုစုပေါင်း (၁၅၀)ခန့်တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ Sourceး မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_aug 2019
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ မြေပြိုမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက်အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စားဖိုးထောက်ပံ့ငွေ (၂,၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၂,၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁) အိမ်ထောင်စာ(တန်ဖိုးငွေ-၃၅,၁၅၃/-)ကျပ်အား(၂၁-၈-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #mon_aug 2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မျက်မမြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေး Japan Heart အဖွဲ့အစည်းနှင့်တွေ့ဆုံမှုသတင်း
၂၁-၈-၂၀၁၉၊ ရန်ကုန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး၌ Japn Heart အဖွဲ့အစည်းနှင့်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ဂျပန်နိုင်ငံမှမသန်စွမ်းသူများ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေသည့်အဖွဲ့အစည်းများနှင့် ရင်းနှီးစွာ လက်တွဲဆောင်ရွက်နေသည့်အခြေအနေ၊ အမြင်အာရုံမသန်စွမ်းသူများအတွက် မျက်မမြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ မသန်စွမ်းသူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များ၊ မျက်မမြင်အကြောပြင် အနှိပ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံရှိ မျက်မမြင်လူငယ်များအတွက် အနှိပ်ပညာရပ်နှင့် အနှိပ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ မျက်မမြင်ဆေးပညာရပ်ဖွံ့ဖြိုးရေးအတွက် အကြောပြင်ပညာရှင်များ အတွက် စံသင်ရိုးညွန်တမ်း မိတ်ဆက်ရန်နှင့် လိုက်နာရန် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၉) ရက်နေ့တွင် မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာအုပ်စု၊ မလတ်တိုကျေးရွာရှိ နိဓြောရဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ရပ်မိရပ်ဖနှင့် ကျေးရွာသူ/ ကျေးရွာသား စုစုပေါင်း (၁၅၀)ဦးကို သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို ဘေး(၈)မျိုး လက်ကမ်းစာစောင်များ နံရံကပ် ပိုစတာများ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug 2019 Sourceး မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၉)ရက်နေ့၊ (၁၄း၀၀)အချိန်မှ (၁၅း၃၀)အချိန်အထိ လယ်ဝေးမြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ ကြို့တန်းကျေးရွာတွင် ကျေးရွာသူ/ကျေးရွာသားများ အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလူထု(၁၅၀)ဦးကို သဘာဝဘေးအသိပညာပေးဟောပြောပွဲဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ နံရံကပ်ပိုစတာများနှင့်မုန့် များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_aug 2019 Sourceး နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ (စစ်ကုန်း၊အင်းတေးစု)ကျေးရွာတို့၌ (၂၀-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း ဖျက်သိမ်းနေအိမ် (၂၉)လုံး၊ အိမ်ထောင်စု (၂၉)စုမှ လူဦးရေ (၁၄၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၉၀၀ဝဝဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၀၆၆၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၃၂၀၆၆၀ဝ/-)ကျပ်အား (၂၁-၈-၂၀၁၉)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_aug 2019









