လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၉)ရက်နေ့၊ နေ့လည် (၁၃း၀၀)နာရီအချိန်တွင် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့်ပူးပေါင်း၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်နှင့်လူမှုမီဒီယာခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပခဲ့ပြီး သဘာဝဘေးအန္တရာယ်ကျရောက်မှုနှင့်ပတ်သတ်၍ လူမှုမီဒီယာသုံးစွဲမှုနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်သတင်းများအား လူမှုမီဒီယာများပေါ်တွင် မဟုတ်မမှန်ရေးသားနေမှုအခြေအနေအား စိစစ်ပြီးမှသာ ယုံကြည်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါပြီး အဆိုပါ စကားဝိုင်းသို့ ကျောင်းသားကျောင်းသူနှင့်ဆရာ/ဆရာမစုစုပေါင်း (၁၅၀)ခန့်တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
Sourceး မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#krn_aug 2019