၂၁-၈-၂၀၁၉၊ ရန်ကုန်
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး၌ Japn Heart အဖွဲ့အစည်းနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ဂျပန်နိုင်ငံမှမသန်စွမ်းသူများ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေသည့်အဖွဲ့အစည်းများနှင့် ရင်းနှီးစွာ လက်တွဲဆောင်ရွက်နေသည့်အခြေအနေ၊ အမြင်အာရုံမသန်စွမ်းသူများအတွက် မျက်မမြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ မသန်စွမ်းသူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များ၊ မျက်မမြင်အကြောပြင် အနှိပ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံရှိ မျက်မမြင်လူငယ်များအတွက် အနှိပ်ပညာရပ်နှင့် အနှိပ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ မျက်မမြင်ဆေးပညာရပ်ဖွံ့ဖြိုးရေးအတွက် အကြောပြင်ပညာရှင်များ အတွက် စံသင်ရိုးညွန်တမ်း မိတ်ဆက်ရန်နှင့် လိုက်နာရန် စည်းမျဉ်းများဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Centre) ၌ကျင်းပပြုလုပ်သော ရေဘေးသင့်ဒေသများအတွက် အလှူငွေလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ရာ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Centre) မှဘိုးဘွားများက စုပေါင်း လှူဒါန်းသော ငွေကျပ် (၅) သိန်းကိုလက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကာ ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: MOSWRR
#hl1
#ygn_aug2019