ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ (စစ်ကုန်း၊အင်းတေးစု)ကျေးရွာတို့၌ (၂၀-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း ဖျက်သိမ်းနေအိမ် (၂၉)လုံး၊ အိမ်ထောင်စု (၂၉)စုမှ လူဦးရေ (၁၄၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၉၀၀ဝဝဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၀၆၆၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၃၂၀၆၆၀ဝ/-)ကျပ်အား (၂၁-၈-၂၀၁၉)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe

#ayy_aug 2019

Sign Up

Upcoming Events