လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၉) ရက်နေ့တွင် မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာအုပ်စု၊ မလတ်တိုကျေးရွာရှိ နိဓြောရဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ရပ်မိရပ်ဖနှင့် ကျေးရွာသူ/ ကျေးရွာသား စုစုပေါင်း (၁၅၀)ဦးကို သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို ဘေး(၈)မျိုး လက်ကမ်းစာစောင်များ နံရံကပ် ပိုစတာများ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug 2019
Sourceး မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)