Category Archives: News
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ်၊ ဧရာမင်းခန်းမ၌ (၄-၉-၂၀၁၉) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ဖွင့်ပွဲအခမ်း အနားကို ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်မှ အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူမှ သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြာင်းခဲ့ပြီး မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ(ကိုယ်စား) အဖွဲ့ဝင်တစ်ဦးမှ အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူ စုစုပေါင်း (၄၅) ဦးတက်ရောက်ခဲ့ပြီး … Read more
-
မီးဘေးသင့် ဒဏ်ရာရသူများနှင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ တောရကျောင်း၌ (၂၉-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သေဆုံးသူ (၃) ဦးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-) ကျပ်နှင့် ဆေးရုံတက် ဒဏ်ရာရလူနာ (၃) ဦးအတွက် ထောက်ပံ့ငွေ (၁၅၀,၀၀၀/-) ကျပ်တို့အား (၃-၉-၂၀၁၉) ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများနှင့်အတူ ကျန်ရစ်သူမိသားစုဝင်များထံသို့လည်းကောင်း၊ ဒဏ်ရာရပြည်သူများထံသို့လည်းကောင်း အသီးသီး … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ အိမ်မဲမြု့နယ်၊ ဝဲကြီးဝကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာတွင် (၁.၉.၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် လုံးဝပျက်စီး နေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၁၀၆၃၀၀/-)ကျပ်အား(၄-၉-၂၀၁၉)ရက်နေ့၊(၁၁း၃၀) နာရီချိန်တွင် ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_sep 2019
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ စစ်တွေမြို့သို့ ရောက်ရှိလာသော ဟိန္ဒူမိသားစုဝင် အိမ်ထောင်စု (၁၁) စု၊ လူဦးရေ(၃၁)ဦးအတွက် စက်တင်ဘာလ(၁)လစာအတွက် အခြေခံစားနပ်ရိက္ခာ ဆန် (၉) အိတ်၊ (၁၆) ပြည်၊ (၄) ဗူး၊ ဆီ (၁၁) ပိဿာ ၊ ဆား (၁၁) ပိဿာ၊ ပဲ (၅.၅) ပိဿာ ၊ စုစုပေါင်းတန်ဖိုး (၃၄၀,၀၅၀/-) အား (၃-၉-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၁၉)ရက်နေ့မှ (၆-၉-၂၀၁၉)ရက်နေ့အထိ ဖွင့်လှစ်မည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း (၃/၂၀၁၉)ကို ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၄-၉-၂၀၁၉)နေ့ (၀၉း၀၀)အချိန်တွင် သင်တန်းသား/သင်တန်းသူ (၃၀)ဦးတို့ဖြင့် ဖွင့်ပွဲပြုလုပ်ခဲ့ပြီး၊ အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတိုင်းဦးစီးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတိုင်းဦးစီးမှူး၊ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဥက္ကဌ တို့တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
ရေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကဝမြို့နယ်၊ တံတားဦးကျေးရွာအုပ်စု၌ (၃-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ရေဘေးသင့်အိမ်ထောင်စု (၅၆) စုမှ လူဦးရေ (၂၂၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၄၇၆,၇၀၀/-) ကျပ်တို့အား (၄-၉-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကဝမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #bgo_sep2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ (၁-၉-၂၀၁၉)ရက်နေ့နှင့်(၂-၉-၂၀၁၉) ရက်နေ့တို့တွင် မွန်ပြည်နယ် ၊ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာနှင့် ပေါင်မြို့နယ်၊ ကဒါရပ်ကွက်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ(၆၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၃၆,၅၀၀/-)ကျပ်၊ စုစုပေါင်း (၁,၀၃၆,၅၀၀/-)ကျပ်အား(၃-၉-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးနှင့်အတူ လိုက်ပါထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mon_sep 2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်၌ (၂-၉-၂၀၁၉) ရက်နေ့ (၂၂:၃၀) နာရီအချိန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင် ပျက်စီးသွားသော နေအိမ်(၁၈၅) လုံး၊ အိမ်ထောင်စု (၁၈၅) စုမှ လူဦးရေ (၁၀၅၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၂,၂၁၇,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉,၁၃၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁,၃၄၇,၆၀၀/-) ကျပ်တို့အား (၃-၉-၂၀၁၉) ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mon_sep2019
-
ရေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၌ (၉-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မျောပါ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား (၂-၉-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #mon_sep2019
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၁၉) ရက် နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၅,၂၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ(၂၂၅,၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂)အိမ်ထောင်စာ (တန်ဖိုးငွေ-၇၄,၇၀၆/-)ကျပ်အား (၃-၉-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးနှင့်အတူ လိုက်ပါ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #mon_sep 2019









