သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းကျင်းပမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၁၉)ရက်နေ့မှ (၆-၉-၂၀၁၉)ရက်နေ့အထိ ဖွင့်လှစ်မည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း (၃/၂၀၁၉)ကို ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၄-၉-၂၀၁၉)နေ့ (၀၉း၀၀)အချိန်တွင် သင်တန်းသား/သင်တန်းသူ (၃၀)ဦးတို့ဖြင့် ဖွင့်ပွဲပြုလုပ်ခဲ့ပြီး၊ အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတိုင်းဦးစီးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတိုင်းဦးစီးမှူး၊ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဥက္ကဌ တို့တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

#ar

#npw_sep 2019

 

Sign Up

Upcoming Events