သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ်၊ ဧရာမင်းခန်းမ၌ (၄-၉-၂၀၁၉) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ဖွင့်ပွဲအခမ်း အနားကို ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်မှ အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူမှ သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြာင်းခဲ့ပြီး မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ(ကိုယ်စား) အဖွဲ့ဝင်တစ်ဦးမှ အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူ စုစုပေါင်း (၄၅) ဦးတက်ရောက်ခဲ့ပြီး သင်တန်းသူ (၃၀) ဦးဖြင့် (၄-၉-၂၀၁၉) မှ (၆-၉-၂၀၁၉) ရက်နေ့အထိ (၃) ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ar
#ayy_sep2019

Sign Up

Upcoming Events