လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ (၁-၉-၂၀၁၉)ရက်နေ့နှင့်(၂-၉-၂၀၁၉) ရက်နေ့တို့တွင် မွန်ပြည်နယ် ၊ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာနှင့် ပေါင်မြို့နယ်၊ ကဒါရပ်ကွက်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ(၆၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၃၆,၅၀၀/-)ကျပ်၊ စုစုပေါင်း (၁,၀၃၆,၅၀၀/-)ကျပ်အား(၃-၉-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးနှင့်အတူ လိုက်ပါထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#mon_sep 2019