မီးဘေးသင့် ဒဏ်ရာရသူများနှင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

4 _ Pic _ 01 4 _ Pic _ 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ တောရကျောင်း၌ (၂၉-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သေဆုံးသူ (၃) ဦးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-) ကျပ်နှင့် ဆေးရုံတက် ဒဏ်ရာရလူနာ (၃) ဦးအတွက် ထောက်ပံ့ငွေ (၁၅၀,၀၀၀/-) ကျပ်တို့အား (၃-၉-၂၀၁၉) ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများနှင့်အတူ ကျန်ရစ်သူမိသားစုဝင်များထံသို့လည်းကောင်း၊ ဒဏ်ရာရပြည်သူများထံသို့လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fir
#rke_sep2019

Sign Up

Upcoming Events