Category Archives: News
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်နှင့် ကျွန်းသာယာရပ်ကွက်တို့ ၌(၇.၉.၂၀၁၉)ရက်နေ့တွင် ဖြစ်ပွား သောရေဘေးမှ အိမ်ထောင်စု (၃၄၄)စုနှင့် လူဦးရေ(၁၅၄၃)ဦးတို့အတွက် ဆန်ရိက္ခာ(၇)စာဖိုး ထောက်ပံ့ငွေ (၃၂၄၀၃၀ဝိ/-)အား (၉.၉.၂၀၁၉)ရက်နေ့ (၁၂ ၃၀)နာရီအချိန်တွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီးဒေါ်နော်ပွယ်စေးနှင့်အတူ ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_sep2019 Soruce: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပွဲဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၉.၂၀၁၉)ရက်နေ့၌ သရက်မြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ကျောင်းသား၊ကျောင်းသူ (၃၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး
-
မိုင်းထိ ဒဏ်ရာရလူနာအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၁၉)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ လွယ်ကြူကျေးရွာအုပ်စု၊ ဆန်စေ့ကျေးရွာအနီးတွင် မိုင်းထိမှန်၍ ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၅၀,၀၀ဝိ/-)အား (၉-၉-၂၀၁၉)ရက်နေ့(၁၂းဝဝ)နာရီအချိန် တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ဆရာဝန်ကြီး၊ မြို့မိ/မြို့ဖများနှင့်အတူ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_sep2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ခရိုင်ရုံးဖွင့်လှစ်ခြင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)အား (၉.၉.၂၀၁၉)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သံဃာတော်များအား အာရုံဆွမ်း ကပ်လှူ၍ လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_sep2019 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရေမျောအလုပ်သမားများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ (၁.၉.၂၀၁၉)ရက်နေ့(၂၄း၀၀)နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဖုံးတောင်ချောင်းဝ၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ငါးဖမ်းဖောင်အဖွဲ့ ဖြင့် ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ငါးဖမ်းသမားများသည် ငါးဖမ်းကျားဖောင်ချုပ်တန်းများ ပြုတ်ထွက်ပျက်စီးခဲ့ပြီး ကျားဖောင်ပေါ်ပါ ငါးဖမ်းအလုပ်သမား (၃၂)ဦးတို့မှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ညောင်ကုန်းကြီးကျေးရွာ၊ ဝဲပတန်ကျေးရွာ၊ မြလေးချောင်ကျေးရွာနှင့် သဲကုန်းကျေးရွာများသို့ မျောပါဆိုက်ကပ်လာခဲ့ရာ၊ အဆိုပါငါးဖမ်းအလုပ်သမား(၃၂)ဦးတို့အတွက် ခရီးစရိတ်ငွေ(၁)ဦးလျင် (၁၀,၀၀ဝိ/-)နှုန်းဖြင့်(၃၂၀,၀၀ဝိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးဖြစ်သည့် ကျားလုံချည်၊ တီရှပ်၊ တဘက်၊ ဆပ်ပြာ (၃၂)ဦးတို့အတွက်၊ (၁)ဦးလျင်(တန်ဖိုးငွေ-၇,၉၅ဝိ/-)နှုန်းဖြင့် (စုစုပေါင်းတန်ဖိုးငွေ-၂၅၄,၄၀ဝိ/- )တို့အား (၈.၉.၂၀၁၉)ရက်နေ့တွင် … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အနာဂတ်နိုင်ငံနှင့် အနာဂတ်မျိုးဆက်များကောင်းရန် ရှေးဦးအရွယ်ကလေးသူငယ်ဘဝအရေးကြီးကြောင်း ရှင်းလင်းဆွေးနွေးမှုသတင်း
စက်တင်ဘာ၊၈၊တောင်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ရှိမူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများရှိ ဆရာမများ၊ ရှေးဦးအရွယ်ကလေးငယ်များ၏ မိဘများ၊ ပြုစုစောင့်ရှောက်သူများနှင့် ယမန်နေ့က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာန၏ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အဓိက လုပ်ငန်းကြီး (၇) ရပ်တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ အကောင် အထည်ဖော်လျက်ရှိကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ဘဝသည် အသက်(၈)နှစ်အထိသာဖြစ်၍ အချိန် အကန့်အသတ်ရှိပါကြောင်း၊ … Read more
-
ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၉)ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရောက်ရှိနေသော တိုက်ပွဲရှောင်စခန်း(၃)ခုမှ၊ ရပ်ကွက် (၄) ခါနန်မူကြိုကျောင်းရှိ အိမ်ထောင်စု (၂၃) စု၊ ရပ်ကွက် (၂) မိဘမဲ့ဂေဟာရှိ အိမ်ထောင်စု(၄၆)စု၊ ရပ်ကွက် (၂) တအောင်းယဉ်ကျေးမှုခန်းမရှိ အိမ်ထောင်စု(၈၆)စု စုစုပေါင်းအိမ်ထောင်စု (၁၅၅)စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၁၉) ရက်နေ့တွင် ကောလင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/သူ(၂၆၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးရှမ်းပြည်နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူငယ်ရေးရာလုပ်ငန်းစဉ်များရှင်းလင်းခြင်းနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ရိက္ခာထောက်ပံ့ခြင်းများဆောင်ရွက်
စက်တင်ဘာ ၇၊တောင်ကြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည်အရပ်ဖက်အဖွဲ့အစည်းများ၊သဘာဝဘေးကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့အစည်းများ၊လူငယ်ရေးရာကော်မတီဝင်များ၊အဖွဲ့အစည်းအသီးသီးမှလူငယ်များ၊ရပ်မိရပ်ဖများ၊ဒေသခံပြည်သူများနှင့်တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးခန်းမ၌ယနေ့နံနက်ပိုင်းကတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင်ပြည်ထောင်စုဝန်ကြီးကမိမိတို့ဝန်ကြီးဌာနအနေဖြင့်လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊လူကြောင့်ဖြစ်သောဘေး၊သဘာဝကြောင့်ဖြစ်သောဘေးများဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊လူမှုဒုက္ခများ၊ဘေးအန္တရာယ်ခံစားရမှုများတွင်လိုအပ်သောပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့်မူဝါဒများရေးဆွဲပြီးမဟာဗျူဟာများချမှတ်ကာလုပ်ငန်းစီမံချက်များဖြင့်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျုဟာအရဦးစားပေးလုပ်ငန်း (၈)ခုချမှတ်ပြီးလူမှုရေးဝန်ဆောင်မှုများနှင့်ငွေကြေးထောက်ပံ့မှုများကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းမှမွေးဖွားသောအသက် (၂)နှစ်အောက်ကလေးငယ်များကိုငွေကြေးထောက်ပံ့ခြင်းMaternal and Child Cash Transfer – MCCTအစီအစဉ်ကိုဒေသအလိုက်အညွှန်းကိန်းများအရဦးစားပေးအစီအစဉ်ဖြင့်ဆောင်ရွက်ပေးခြင်းသည်လူ့ဘဝအစရက် (၁၀၀၀)အတွင်းအာဟာရနှင့်ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များပြည့်မီ၍ဦးနှောက်ဖွံ့ဖြိုးမှုနှင့်ကိုယ်ခန္ဓာပုံမှန်ကြီးထွားစေရန်ရည်ရွယ်ပါကြောင်း၊အဆိုပါအစီအစဉ်ကို ၂၀၁၉- ၂၀၂၀ဘဏ္ဍာနှစ် တတိယ(၃)လပတ်မှစ၍ရှမ်းပြည်နယ်တွင်စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများကိုဝန်ကြီးဌာနတစ်ခုတည်းကဆောင်ရွက်၍မရနိုင်ပါသဖြင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ နှင့်ပရဟိတအဖွဲ့အစည်းများကပူးပေါင်းပါဝင်ရန်လိုပါကြောင်း၊အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝလုံခြုံမှုရှိစေရန်ဝန်ကြီးဌာနကဦးဆောင်၍မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကိုကလေးသူငယ်များနှင့်အမျိုးသမီးအရေးတက်ကြွစွာဆောင်ရွက်လျက်ရှိသည့်အဖွဲ့(၇)ဖွဲ့ဖြစ်သောမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ကျား/မရေးရာတန်းတူညီမျှရေးကွန်ရက်၊အမျိုးသမီးအဖွဲ့အစည်းများကွန်ရက်၊ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ဖြင့်ဖွဲ့စည်းထားပါကြောင်း၊တိုင်းဒေသကြီး/ ပြည်နယ်အမျိုးသမီးကော်မတီများလည်းဖွဲ့စည်းထားပြီးဖြစ်ရာယခုရှမ်းပြည်နယ်အမျိုးသမီးကော်မတီအနေဖြင့်MCCT အစီအစဉ်အကောင်အထည်ဖေါ်ရာတွင်ပူးပေါင်းပေးရန်တိုက်တွန်းပါကြောင်း၊လူငယ်များ၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက်ကဏ္ဍ(၁၆)ရပ်ပါဝင်သောလူငယ်ရေးရာမူဝါဒရေးဆွဲပြီးမဟာဗျူဟာချမှတ်ကာဒေသအသီးသီးကဦးစားပေးလိုသည့်ကဏ္ဍများရွေးချယ်ထားပြီးဖြစ်ကြောင်း၊ရှမ်းပြည်နယ်တွင်လည်းအကောင်အထည်ဖော်နေပြီဖြစ်ရာလူငယ်များအတွက်လူငယ်စင်တာတည်ဆောက်ရန်လိုအပ်ပါကြောင်း၊သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများကလူငယ် ရေးရာဆိုင်ရာဘဏ္ဍာငွေကိုသတ်မှတ်သုံးစွဲမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဥပဒေဘောင် အတွင်းစည်းလုံးညီညွတ်စွာနေထိုင်ကြရန်လိုကြောင်း၊ မိမိတို့လူငယ်ဘဝအချိန်ပိုင်းကိုအကျိုးရှိစွာအသုံးချကြပြီးနောင်လူငယ်များကိုကောင်းသောအမွေများလက်ဆင့်ကမ်းပေးနိုင် အောင် ကြိုးစားကြစေလိုကြောင်း၊ အစိုးရကလူငယ်များဘေးကင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်စခန်းအခြေပြု၊ရပ်ရွာအခြေပြုသင်တန်းများဖွင့်လှစ်၍ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးခြင်း၊မူးယစ်သံသရာပြန်မလည်စေရန်သက်မွေးဝမ်းကျောင်းပညာရပ်များချိတ်ဆက်သင်ကြားပေးခြင်း၊လူမှုပတ်ဝန်းကျင်တွင်ပြန်လည်ဝင်ဆံ့နိုင်ရန်ကြိုးပမ်းဆောင်ရွက်ရေးစီစဉ်ထားရှိကြောင်း၊မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်းပိုမိုထိရောက်စေရန်သင်တန်းကာလကို … Read more
-
မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၉) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာ၊ ဓမ္မာရုံ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/သူ(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။









