လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ (၁.၉.၂၀၁၉)ရက်နေ့(၂၄း၀၀)နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဖုံးတောင်ချောင်းဝ၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ငါးဖမ်းဖောင်အဖွဲ့ ဖြင့် ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ငါးဖမ်းသမားများသည် ငါးဖမ်းကျားဖောင်ချုပ်တန်းများ ပြုတ်ထွက်ပျက်စီးခဲ့ပြီး ကျားဖောင်ပေါ်ပါ ငါးဖမ်းအလုပ်သမား (၃၂)ဦးတို့မှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ညောင်ကုန်းကြီးကျေးရွာ၊ ဝဲပတန်ကျေးရွာ၊ မြလေးချောင်ကျေးရွာနှင့် သဲကုန်းကျေးရွာများသို့ မျောပါဆိုက်ကပ်လာခဲ့ရာ၊ အဆိုပါငါးဖမ်းအလုပ်သမား(၃၂)ဦးတို့အတွက် ခရီးစရိတ်ငွေ(၁)ဦးလျင် (၁၀,၀၀ဝိ/-)နှုန်းဖြင့်(၃၂၀,၀၀ဝိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးဖြစ်သည့် ကျားလုံချည်၊ တီရှပ်၊ တဘက်၊ ဆပ်ပြာ (၃၂)ဦးတို့အတွက်၊ (၁)ဦးလျင်(တန်ဖိုးငွေ-၇,၉၅ဝိ/-)နှုန်းဖြင့် (စုစုပေါင်းတန်ဖိုးငွေ-၂၅၄,၄၀ဝိ/- )တို့အား (၈.၉.၂၀၁၉)ရက်နေ့တွင် ပေါင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် ထောက်ပံ့ပေးခဲ့ရာ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးစိုးသီဟနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထူးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#ayy_sep2019
Soruce: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)