ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၇-၉-၂၀၁၉)ရက်နေ့တွင်   ကွတ်ခိုင်မြို့နယ်အတွင်းရောက်ရှိနေသော တိုက်ပွဲရှောင်စခန်း(၃)ခုမှ၊  ရပ်ကွက် (၄) ခါနန်မူကြိုကျောင်းရှိ အိမ်ထောင်စု (၂၃) စု၊ ရပ်ကွက် (၂) မိဘမဲ့ဂေဟာရှိ အိမ်ထောင်စု(၄၆)စု၊ ရပ်ကွက် (၂) တအောင်းယဉ်ကျေးမှုခန်းမရှိ အိမ်ထောင်စု(၈၆)စု စုစုပေါင်းအိမ်ထောင်စု (၁၅၅)စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events