စက်တင်ဘာ၊၈၊တောင်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ရှိမူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများရှိ ဆရာမများ၊ ရှေးဦးအရွယ်ကလေးငယ်များ၏ မိဘများ၊ ပြုစုစောင့်ရှောက်သူများနှင့် ယမန်နေ့က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာန၏ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အဓိက လုပ်ငန်းကြီး (၇) ရပ်တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ အကောင် အထည်ဖော်လျက်ရှိကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ဘဝသည် အသက်(၈)နှစ်အထိသာဖြစ်၍ အချိန် အကန့်အသတ်ရှိပါကြောင်း၊ ထိုအချိန်အတွင်း ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးတိုးတက် ရေးကိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ဆောင်ရွက်ရာတွင် နည်းစနစ်မှန်ကန်မှုရှိစေရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေရှိပြီး ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအများက သဘောတူထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်ကိုမိမိတို့နိုင်ငံကလည်း လက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်အခွင့်အရေး (၄)မျိုးရှိပါကြောင်း၊ အသက်ရှင်သန်မှုအခွင့်အရေးအတွက် ကိုယ်ဝန်ဆောင်ချိန်မှစ၍ လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းဖြင့်စတင်၍ ဂရုစိုက်စောင့်ရှောက်ရန်လိုပါကြောင်း၊ မွေးဖွားပြီးနောက် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးအတွက် ဦးနှောက် ဖွံ့ဖြိုးရန်နှင့်ခန္ဓာကိုယ်ကြီးထွားရန် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ အစောင့်ရှောက်ခံပိုင်ခွင့်အတွက် ကလေးသူငယ်များအားစောင့်ရှောက်မှုတွင်အကောင်းဆုံးသည်မိဘရင်ခွင်သာဖြစ်ကြောင်း၊အကြောင်းအမျိုးမျိုးကြောင့်မိဘရင်ခွင့်မဲ့သွားပါကမိရင်း၊ဖရင်းသဖွယ်ပြုစုစောင့်ရှောက်မှုပေးနိုင်ရန်လိုအပ်ကြောင်း၊ထို့အတွက်ဆွေးမျိုးသားချင်းများ၊ကလေးပြုစုစောင့်ရှောက်ရေးဂေဟာများ၊ပရဟိတလူမှုအဖွဲ့အစည်းများကဥပဒေနှင့်အညီစောင့်ရှောက်ပေးရန်လိုကြောင်း၊ကလေးသူငယ်များသည်အသက်အရွယ်အလိုက်လူမှုရေးရာဝန်းကျင်တွင်ပါဝင်ခွင့်ရရှိရမှာဖြစ်ကြောင်း၊အဆိုပါအခွင့်အရေး(၄)မျိုးကိုဖေါ်ဆောင်နိုင်ရန်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေကိုဖေါ်ဆောင်ထားခြင်းဖြစ်ကြောင်း၊ထို့အတူကလေးသူငယ်များ၏အကောင်းဆုံးအကျိုးစီးပွားကိုဟန့်တားနှောက်ယှက်ခြင်းမှကာကွယ်ပေးရန်နှင့်လုံခြုံမှုပေးရန်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကိုလည်းဖေါ်ဆောင်ထားပြီးဖြစ်ကြောင်း၊အဆိုပါဥပဒေများကိုမိဘများ၊ပြုစုစောင့်ရှောက်သူများ၊ကလေးသူငယ်များ၏အစောင့်ရှောက်ခံပိုင်ခွင့်ကိုဆောင်ရွက်ပေးကြသည့်ပရဟိတဂေဟာများ၊လူမှုရေးအဖွဲ့အစည်းဂေဟာများကလေ့လာထားကြရန်လိုပါကြောင်း၊ကလေးသူငယ်များကိုစောင့်ရှောက်မှုပေးရာတွင်မေတ္တာ၊စေတနာနှင့်ကိုယ်ချင်းစာတရားများဖြင့်သာမကသတ်မှတ်ပြီးဖြစ်သောအနိမ့်ဆုံးရှိရမည့်ပြုစုစောင့်ရှောက်ခြင်းနှင့်အကာအကွယ်ပေးခြင်းဆိုင်ရာစံချိန်စံညွှန်းများကိုလိုက်နာပေးကြရန်လိုအပ်ပါကြောင်း၊ဖွံ့ဖြိုးတိုးတက်ရေးတွက်လူမှုဝန်ထမ်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့်အသက်(၃)နှစ်အရွယ်အထိနေ့ကလေးထိန်းကျောင်းများ၊မိခင်ဝိုင်းများ၊(၃)နှစ်မှ (၅)နှစ်အရွယ်အထိအစိုးရမူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်းများနှင့်ပုဂ္ဂလိကမူကြိုကျောင်းများ၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းဖြင့်ပြုစုစောင့်ရှောက်လျက်ရှိကြောင်း၊တစ်နိုင်ငံလုံးအတိုင်းအတာတွင်လိုအပ်ချက်များစွာရှိသည့်အတွက်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆရာဖြစ်သင်တန်းများဖွင့်၍စနစ်တကျသင်ကြားပေးလျက်ရှိပြီးထိုသင်တန်းဆင်းများကသတ်မှတ်ထားသောဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီနေ့ကလေးထိန်းဂေဟာများ၊ပုဂ္ဂလိကမူလတန်းကြိုကျောင်းများကိုဖွင့်လှစ်ကြရန်တိုက်တွန်းပါကြောင်း၊ဝန်ကြီးဌာနကလည်းပူးပေါင်းကူညီပေးမည်ဖြစ်ကြောင်း၊မိမိတို့ဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံကလေးကျန်းမာပညာအဖွဲ့တို့ပူးပေါင်း၍ကလေး(၃)နှစ်အရွယ်အထိပုံမှန်ဖွံ့ဖြိုးမှုရှိ /မရှိစိစစ်သိရှိနိုင်ရန်အချက်များကို ရေးသားပြုစုပြီးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အွန်လိုင်းမီဒီယာများမှတစ်ဆင့်မျှဝေခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊မိဘများနှင့်မိသားစုဝင်များကိုယ်တိုင်မိမိတို့ကလေးများပုံမှန်ဖွံ့ဖြိုးမှုရှိ /မရှိကိုသိရှိဆန်းစစ်နိုင်ပြီးလိုအပ်ပါက အချိန်မီပြုစုကုသမှုခံယူခြင်းဖြင့် မသန်စွမ်းမှုများကို လျှော့ချကာကွယ်နိုင်မည်ဖြစ်ကြောင်း၊စနစ်ကျသောမူလတန်းကြိုကာလပြုစုစောင့်ရှောက်ခြင်းသည်တစ်သက်တာအကောင်းဆုံးသင်ကြား၊သင်ယူမှုအတွက်အရေးကြီးကြောင်း၊အနာဂတ်နိုင်ငံနှင့်အနာဂတ်မျိုးဆက်များကောင်းရန်ရှေးဦးအရွယ်ဘဝကိုအလေးထားပြီးနိုင်ငံတော်ကမဟာဗျူဟာများ၊စီမံချက်များရေးဆွဲချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်းနှင့်တိုင်းရင်းသားဒေသခံများ၊ပြည်သူများကသဘောပေါက်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော ပရဟိတအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ မိဘများ၊ မိသားစု ဝင်များက ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး ဂေဟာများ၊သင်တန်းကျောင်းဖွင့်လှစ်ခြင်း၊ ကာကွယ်စောင့် ရှောက်ခြင်း နှင့်ပတ်သက်၍ မေးမြန်းကြရာ လူမှုဝန်ထမ်းဦးစီးဌာနညွန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်အဆင့် တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ကလေးငယ်များ အားအာဟာရမုန့်နှင့် ကစားစရာအရုပ်များပေးဝေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: MOSWRR
#hl1
#shn_sep2019